Tuesday, July 12, 2011

တုန်ခါပီတိ

(၁)
ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီး မိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့ သွတ်သွင်းခဲ့ခြင်း မဟုတ်သည်ကတော့ အသေအချာပင်။ မကြာသေးမီက တိုက်သစ်ဆရာတော် ရှင်ပြုတခုမှာ

ဟောကြားသော 'စကြာဝတေးမင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။ ရှင်မယ်တော် ရဟန်းမယ်တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏' ဆိုသည့် တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့် အမည်ထူးတလုံးကို ပန်ဆင်လိုသဖြင့်လည်း သာ၍ပင် မဟုတ်ခဲ့။

ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော 'ကိုယ်၏သားဖြစ်စေ၊ ကိတ္တိမသားဖြစ်စေ၊ သာသနာတော်တွင်းကို သွတ်သွင်းမှသာ' စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။ ဟုတ်သည်။ ခုဆို သားကို အကြောင်းပြုကာ အကုသိုလ် အထုပ်ကငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။
ရဟန်းမယ်တော်နော် ရဟန်းမယ်တော် ... ဆိုသောစည်းကြိုးခိုင်ခိုင်ဖြင့် ကံသုံးပါးကို စည်းနှောင်နိုင်ခဲ့ပြီပဲ။

နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသောသီလ ... အဲ တခါတလေ သန်းဥ စမ်းမိတာကလွဲလို့ ပါဏာတိပါတ စသော ကံငါးပါးကို ခါးဝတ်လဲကဲ့သို့ မြဲခဲ့တာကို တွေ့ရတော့ 'ဒါ သားကြောင့်ပဲ ... ဟုတ်တယ်။ သား ဒီဘောင်မှာ မွေ့ပျော်သ၍ နိဗ္ဗာန်တံခါးကို မဖွင့်နိုင်တောင်မှ အပါယ်တံခါးဖြင့် ...'

ဤလို ကြည်နူးခဲ့ရသည်။ အိပ်နိုးထတိုင်း ထိုကြည်နူးမှုလေးဖြင့် နှစ်ထောင်း ပျော်ရွှင်ခဲ့ရသည်။ ခု ဤပီတိ အဆောက်အအုံလေးက တုန်ခါယိမ်းယိုင်ချင်နေပြီ။ ပြိုကျ ပျက်စီးသွားဦးမှာလား။

အသက် ခြောက်ဆယ်သီသီ စွန်းခဲ့ပြီမို့ သားရဲ့အရိပ်မှာ တလှည့်ချွေးသိပ်ရင်း အဖ မြတ်စွာသခင်၏ မဂ္ဂင်လမ်းကြောင်း အတိုင်းလျှောက်တော့မည်ဟု ကြံစည် စိတ်ကူးရုံရှိသေး၊ ခု သားက သင်္ကန်းကြီးက သစ်ခေါက်စော် နံပြီ ဆိုတော့ ...။


( ၂ )
“အမေ အမေ့သား လူထွက်တော့မှာတဲ့ဗျ”

“မဟုတ်က ဟုတ်က ဟယ်”

“သူ့ သူငယ်ချင်း ဦးဇင်းသိန်း ပြောတာ၊ ဦးဇင်းသိန်း ကြွလာတော့ အမေ လျှောက်ကြည့်ပေါ့”

ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ဒီနေ့ ဘာနေ့ပါလိမ့်၊ အင်း တနင်္လာနေ့။ တနင်္လာနေ့ ဆိုတော့ ကျွန်မသား စကားမမှန်ရာ တဲ့၊ ဟုတ်တာပေါ့ ကျွန် က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာနံ၊ တနင်္လာနေ့ကြားတဲ့ စကားမမှန်ပေါ့။ မမှန်နိုင်ပါဘူး၊ မမှန်ပါစေနဲ့တော်၊ မမှန်ပါစေနဲ့။

သင်္ကန်းဆီးကတည်းက လူထွက်ဖို့ ဝေးလို့၊ တခါမျှ ရှင်လိင်တော် မပြန်ဘူးတဲ့ သား၊ ဒီသားက ရဟန်း ဝါဆယ်ဝါမျှ မြဲခဲ့သော သင်္ကန်းကို ဖြုန်းစားကြီး ချွတ်တော့မည်ဆိုတော့ မဖြစ်နိုင်၊ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ နောက်ပြီး လူထွက်စကားလည်း တခါမျှ ရယ်စရာအဖြစ်ပင် မဟဘူးခဲ့။

အင်း … ရှက်လို့ မဟတာနေမှာ။ ဒါမျိုးဆိုတာ ကြိတ်ကြံချင် ကြံနေမှာ။ ဦးစန္ဒောကြီး ကြည့်ပါလား၊ တရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်လိုက်ရတာ၊ ဣနြေ္ဒကလည်း ကြီးမှကြီး၊ ဟော ဦးဖိုးဒင် မြေးမလေးနဲ့လည်းတွေ့ရော၊ တခါတည်းအောင်ထားတဲ့ ဓမ္မာစရိယ ဆိုတဲ့ဘွဲ့တွေတောင် မနှမြောတော့ဘူး။ ခုလည်း အဲလိုများ ဖြစ် ဟင်း...။

ကန်တော့ပါရဲ့၊ မောင်ပဉ္စင်းမှာလည်း ရည်းစားသနာများ တွေ့ပြုနေ ... ဟယ် ... ဟုတ်မယ် မထင်ပါဘူးလေ။ အင်း ရဟန်းတော်တွေ လူထွက်တယ်ဆိုတာလည်း တော်ရုံတန်ရုံအကြောင်းလောက်နဲ့ ထွက်ကြတာမဟုတ်ဘူး။

မောင်ပဉ္စင်းကလည်း ရုပ်လေးက မအေတူ ဖြူဖြူနွဲ့နွဲ့ရယ်။ ရွာကြွလာတဲ့အခါ ဟို ငဖုန်းရဲ့သမီးလေးနဲ့တော့ အခေါ်အပြော ရှိတာပဲ။ အဲဒီကလေးမနဲ့များ ...။ ဟုတ်ချင်ဟုတ်မှာ။ ကောင်းမလေးစက ကွမ်းတောင် ပန်းတောင်ကိုင်ဆိုတော့ ... အသက်တော့ ကွာပါတယ်လေ။ နောက်ပြီး သူတို့က ကျောင်းနေဖက်တွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။ ဟို သူငယ်မလေးက ဗိုင်းကောင်း ကျောက်ဖိလေးပါ။ အင်း … မဟုတ်ရင်တော့ ကိစ္စမရှိ၊ ဟုတ်ရင် ... ဟုတ်များနေခဲ့ရင် ...။

ဟိုကလေးမကို သွားမေးစမ်းကြည့်ရလျှင် ကောင်းမည် ထင်သည်။ မီးဆိုတာ မလောင်ခင်တားတာ အကောင်းဆုံး မဟုတ်လား။ သွားမေးတာတော့ ဟုတ်ပြီ။ မဟုတ်ခဲ့လျှင် သားသမီးချင်း မစာနာရာ ကျချေတော့မည်။ ဘယ့်နှယ်လုပ်ပါ့။ ကိုယ့်မောင်ပဉ္စင်းကိုပဲ သွားပင့်ခိုင်းတာ အကောင်းဆုံး ဖြစ်ပေတော့မည်။ မနက်ဖြန် အငယ်ကောင်ကို မန္တလေး လွှတ်ရမည်။ မင်း နောင်တော်ကို ပင့်ခဲ့၊ သူ့ ဆရာတော်ကိုလည်း အကြောင်းစုံလျှောက်ခဲ့ဟု မှာရမည်။

မောင်ပဉ္စင်းကြွလာမှ အကြိမ်များစွာ လျှောက်ခဲ့ဖူးသောစကားကို ထပ်လျှောက်ရမည်။ အကြိမ်တရာမကလို့ လည်ချောင်း လှည်းပတောင်း ထချင်ထပစေ လျှောက်ရမည်။

'လူမထွက်ပါနဲ့ ဘုရား လူ့ဘဝဆိုတာ ...'


(၃ )
ဆန်တပြည် ဘယ်ဈေး၊ ဆီတဆယ်သား ဘယ်လောက် စသည့် စားရေး အပူတွေထက်ပင် သားရေးအပူက ပို၍ လောင်မြိုက်လှတော့သည်။ အရိပ်တကြည့်ကြည့်နှင့် ပျိုးထောင်ခဲ့ရသောသား ခုတော့ ...။

အို ... ကိုယ်ပူ ကိုယ်ကျွမ်းတာပဲ။ နောက်ပြီး မရေမရာနဲ့။ သန်ဘက်ခါ သားငယ် ပြန်လာရင် အကြောင်းစုံသိရမှာပဲဟု ကိုယ့်ကိုယ်ကို ဖျောင်းဖျရင်း စိတ်ကို ငြိမ်စေရသည်။

သို့သော် ... စိတ်သည် နဖားထိုးထားသည့် နွားမတကောင် မဟုတ်လေတော့ ...။

မောင်ပဉ္စင်းကိုမွေးတော့ သင်္ကြန်အတက်နေ့ကြီးမှာပင်။ နောက်နေ့ဆို နှစ်သစ်ကူးပြီ။ ဒီတော့ မီးတွင်းထဲ ကြာကြာ မနေလိုက်ရ။ တရက်နှင့်မီး ထွက်ခဲ့ရသည်။ အညစ်အကြေးနယ်၌ ကြာရှည်မနေရသည့်သဘော။ ထိုကတည်းက ဒီသားဟာဖြင့် တခြားသားတွေနှင့်မတူ။ ထူးမည့်သားပဲဟု ကိုယ့်ဟာကိုယ် အတိတ်ကောက်ကာ နိမိတ်ဖတ်ခဲ့မိသေးသည်လေ၊ နာမည်ပေးတာတောင် 'မောင်ဆွေထွန်း' တဲ့။ ဆွေလယ်မျိုးလယ်မှာ ထွန်းမည့်သားလို့။

ပြန်တွက်စစ်လိုက်တော့ သားတွေချည်း ၄ ယောက် မွေးခဲ့သည့်ထဲက မောင်ပဉ္စင်းက နို့ညှာ။ သူ့အောက် တယောက် ရှိသေးသည်။ သည်သား ၄ ယောက်ထဲတွင် ဉာဏ်အထက်ဆုံး သားကလည်း သူပင်။ ညည အိပ်ယာဝင်ပုံပြောပြီဆိုမှဖြင့် သူတယောက်သာ ပုံဆုံးအောင် နားထောင် မြဲ၊ မှတ်လည်း မှတ်မိသည်။ နောက်တနေ့မှာ သူ့ညီကို ပြန်ပြောနေလိုက်တာများ ချောလို့။

ပြောစရာ ပုံသစ်မရှိသော ညများဆိုလျှင် 'အမေ တောထွက်တဲ့အကြောင်း ပြောပါဦး' ဟု ပူဆာတတ်သည်။ သူ တောင်းဆိုသည်က ရွာလယ်ဝတ်ကျောင်းမှာ ရွတ်ဆိုရသော တောထွက်တော်မူခန်း ဘုရားပင့်၊ အသံနေ အသံထားနှင့် ဆိုပြတာကို သူ သဘောကျသည်။ ကြားဖန်များတာကိုပင် မရိုးနိုင်၊ ရသည့် အပိုဒ်ဆို လိုက်၍ပင် ဆိုလိုက်သေး၊ တညသားများ မှတ်မိနေသေးတော့ ...

“သူအိုတဖြာ သူနာတတွေ ... သူသေတခန်း၊ သူရဟန်းနှင့်မဂ်လမ်း ထွင်စရာ လေးဖြာနိမိတ် နတ်ပြဟိတ်သော်ကြောင့်၊ မောင်ဆန်ကိုခေါ်၊ တိုင်ပင်တော်မူသည်မှာ ငါနှင့်အညီ ယသော်ဗျက်ဝိ တောထွက်မည့်ဟန် ငါ့အကြံကို ဧကန် မသိရှာလေဟု...”

“လောင်းမင်းသားက အဲသလို သူအို သူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော့ တောထွက်ဖို့ရာ ဖွားဘက်တော် မောင်ဆန်ကို ခေါ်ကာ တိုင်ပင်တော်မူသတဲ့ကွယ်”

ထိုသို့ အဆို တခါ၊ အပြော တလှည့်ဖြင့် ပုံခင်းပြတုန်း ...

“သူအိုဆိုတာ ဘာလဲ အမေ”

“အိုနေတဲ့ ဘိုးကြီးအို၊ မယ်ကြီးအိုတွေကို ပြောတာပေါ့ကွယ်”

“ဟို ... အဖေကြီး ဘိုးရွှေလုံလိုလား”

“အေးပေါ့”

“သူနာကကော”

“နေမကောင်းနေတဲ့သူပေါ့ သားရဲ့”

“သူသေဆိုတာ ဟိုအသုဘချတာကို ပြောတာလား”

“ဟုတ်တာပေါ့ သားရဲ့”

“ဒါဖြင့် သူရဟန်းကကော”

“သူရဟန်းဆိုတာက ဟို ... အဲ ... ဘုန်းကြီးကို ခေါ်တာကွယ့်”

“တိုက်သစ်ကျောင်းက ဘုန်းဘုန်းလိုလား”

“ဒါပေါ့ သားရဲ့ အဲဒီ ဘုန်းဘုန်းလို”

“ဘာလို့ သူက ဘုန်းကြီးလုပ်တာလဲ”

“သူကလား သူက ... အဲ ... သူအို သူနာ သူသေမဖြစ်အောင် တရားအားထုတ်ဖို့ပေါ့ကွယ်”

“ဒါဆို သားလည်း ကြီးရင် ဘုန်းကြီး လုပ်မယ်”

ကြည့်စမ်း လိမ္မာလိုက်တဲ့ သား။ ကြည်နူးလိုက်ရတာ၊ ရှင်ဘုရင်ဖြစ်မည့်သူက မွေးကတည်းက ရောင်လေးနဲ့ ဆိုသလိုပင်။ ထိုညကတည်းက သားကိုရှင်ပြုပေးဖို့ အားခဲမှု ပို၍ ထက်သန်ခဲ့လေတော့သည်။ သင်္ကန်းနိုင်လျှင် ရှင်ပြုပေးကြဖို့ သူ့အဖေနှင့် မှတ်မှတ်ရရ တိုင်ပင်ဖြစ်ကြသည်။

ခု ... ဤ သားက လူထွက်တော့မည်တဲ့ ...။


(၄)
ရှင်ပြုတော့ မှတ်မိနေသေးသည်။ သားကြီးတွေတုန်းက ဆိုင်းနှင့်ဝိုင်းနှင့် ရှင်ပြုပေးခဲ့သည်။ အငယ်နှစ်ယောက်ကျတော့ အပျော်အပါးမဖက်၊ လောကုတ္တရာ သက်သက်ဖြစ်အောင် မနည်းတိုင်ပင်ယူရသည်။ ဒါတောင် သူ့ဒကာကြီးက အရပ် ကျေနပ်အောင် ဗြောလေး ထည့်လိုက်ချင်သေးသည်။ ဒီတော့သိသလောက် မှတ်သလောက်နှင့် ...။

“ကိုယ့်နှယ် ဒီ အပိုကုန်မည့်အစား မဏ္ဍပ်ဝင် သံဃာတော်တွေကို လှူဖွယ်ဝတ္ထု ပိုလှူမယ်၊ ဒါမှ အကျိုးကြီးတော့မပေါ့ တော်” စသည်ဖြင့် ဖျောင်းဖျရသေးသည်။

အဲဒီတုန်းက ကျွေးတာမွေးတာကိုပင် အမဲပေါ်ခြင်း၊ ဝက်ပေါ်ခြင်း မလုပ်စေခဲ့၊ ပံ့သကူသားဖြစ်အောင် ငါးခြောက်ထောင်းကြော် ကျွေးခဲ့သည်။ ငါးခြောက်မှ နိတိနတ မဟုတ်၊ ဈေးအကြီးဆုံး ငါးရံ့ခြောက်ကို ကျွေးခဲ့တာ။ ဘုန်းကြီးဖြစ်မည့် သားရဲ့ပွဲမှာ အားလုံး စင်ကြယ်စေချင်သည်လေ၊ မောင်ပဉ္စင်း သင်္ကန်းဆီးတော့ ဘာရှိသေးလဲ ကိုးနှစ်သား အရွယ်လေး။ အငယ်ကောင်က ၇ နှစ်၊ ရှင် တဝါနှင့် အငယ်ကောင်က ထွက်ခဲ့ပေမယ့် သူကတော့ မြဲခဲ့သည်မှာ ယခုတိုင်ပင်။

သင်္ကန်းလို သင်္ကန်း၊ ဖိနပ်လို ဖိနပ်၊ လိုရာကို လှူဒါန်းထောက်ပံ့ရင်း သာသနာ့ဘောင်မှာ ထားခဲ့ရကျိုးနပ်သည်ဟု ဆိုရပေမည်။ တခါမျှ လူထွက်ချင်ကြောင်း မပြောဘူးခဲ့၊ ကိုရင်လေးဘဝနှင့်ပင် တိုက်သစ်ဆရာတော် ကျောင်းမှာ ပရိတ်ကြီး သဒ္ဒါရှစ်စောင် သင်္ဂြိုဟ်ကိုးပိုင်းကုန်ကာ စာတွေ အတော်ရလှပြီ၊ သူ့ဆရာ ဘုန်းကြီး ပြောတာပင် အမှတ်ရသေးတော့ ...

'မယ်ရွှေကံ ... နင့်သား သိပ်ဉာဏ်ကောင်းတာ၊ ကြီးရင့် ဆရာတော်ဖြစ်မယ်ဟဲ့' တဲ့။ ခုတော့ဖြင့် ကြားရချက်က မဟန်ချင် ဆတော်ဖြစ်ဖို့ နေနေသာသာ ကျောင်းပင် မထိုင်ရသေး၊ လူထွက်တော့မည် ဆိုတော့ ...။

သည်လိုနှင့် ဆယ့်လေးငါးနှစ်အရွယ် ကိုရင်ကြီး ဖြစ်လာခဲ့သည်။ အရွယ်လေး ရောက်လာတော့ ကျောင်းက ကပ္ပိယကြီးနှင့် မတည့်ချင်၊ ကပ္ပိယကြီးက ဆရာတော်ကို အပြစ်မဟုတ်တာတွေ အပြစ်လုပ်ကာ လျှောက်သည်တဲ့။ ဆရာတော်ကလည်း ခဏခဏ ဆူသည်တဲ့။ အခန့်မသင့်လျှင် နကန်နှင့်ပင် အဆော်ခံရတတ်လေတော့ ကိုရင် ရွာကျောင်းမှာ မပျော်ဖြစ်လာသည်။ ဒါတောင် လူထွက်ချင်ကြောင်း လေသံမဟခဲ့။ ကိုရင့်ဒကာကြီးကသာ စိုးရိမ်ပြီး ...

'ဒီမယ် ကပ္ပိယကြီး၊ ဆွမ်းကျန် ဟင်းကျန် အေးအေး စား၊ ကိုရင် ကျောင်းသားတွေကို အနိုင်မကျင့်ပါနဲ့၊ ကျုပ် သား လူထွက်လို့ကတော့ ကျုပ်နဲ့ ခင်ဗျား အတွေ့ပဲ' အဲသည်လို သွားကြိမ်းမောင်းခဲ့သည်။ တသက်လုံး မော်မကြည့်ဝံ့အောင် ကြောက်ရွံ့ခဲ့ရသည့် ဆရာဘုန်းကြီးကိုပင် မမှုနိုင်အားတော့။

ခု ထိုကျေးဇူးတွေကိုဆပ်ဖို့ လူထွက်တော့မှာလား သားရယ် ...။


(၅)
မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ အမေတို့ မောင်ပဉ္စင်းကို ဒီဘဝရောက်အောင် ကြိုးစားပမ်းစား ခေါင်းနဲ့ရွက်တင်ခဲ့ရတာပါ ဘုရား ... အဲသည်လိုကစပြီး တောင်းပန်လျှောက်ထားရမည်။

စဉ်းစားကြည့်ပါ မောင်ပဉ္စင်းဘုရား၊ မောင်ပဉ္စင်း ကိုရင်ဘဝကရွာမှာ မပျော်တော့ဘူးဆိုတော့ မြို့စာသင်တိုက် ပို့ပေးရ၊ ဆရာဘုန်းကြီးရဲ့ အငြိုအငြင်ကိုလည်း ခံရ၊ စားရိတ်စက ထောက်ပံ့ဖို့ နွားပေါက်လေး တကောင်တောင် ရောင်းရတာတွေ မောင်ပဉ္စင်းကို တခါမျှ အသိမပေးခဲ့ဘူး။ မဟုတ်လား။

အခုတော့ မောင်ပဉ္စင်းသိအောင် ပြောပြချင်နေမိသည်။

နောက်ပြီး တခါမျှ စိတ်ကူးနှင့်ပင် မရောက်ဖူးသည့် မြို့ကြီးသို့ ကိုရင့်ကို ဘယ်လိုမှ မလွှတ်ရက်။ လွှတ်ရမည်ကို စိတ်မချ၊ ရွာမှာနေပြီး လူထွက်သွားမှာနှင့်စာလျှင် တော်လေသေးရဲ့ဆိုပြီး ဒကာကြီး၊ ဒကာမကြီးပါ မျက်စိစုံမှိတ်ပြီး လွှတ်လိုက်ကြခြင်းပါ။

ကိုရင် မြို့ကိုသွားစ ရက်များကဆို ကားများ တိုက်လေမလားဟဲ့။ မြင်းလှည်းနဲ့များ ခိုက်လေမလားဟဲ့၊ မျက်စိသူငယ် နားသူငယ်နှင့်များ နေရှာမလားဟဲ့ စသဖြင့် ပူပန်လိုက်ရတာ။

မန္တလေးက ဘယ်သူပြန်လာသတဲ့၊ ဘယ်ဝါ ပြန်လာသတဲ့ဆို ကိုရင်နဲ့များ မတွေ့ခဲ့ကြဖူးလားလို့ သွားမေးရတာလည်း အမော။ နောက်မှ သိရသည်။ မန္တလေးမြို့ဆိုတာ အကျယ်ကြီး ဟု။ ရွာလိုမှ မဟုတ်ဘဲ၊ တကူးတက မသွားဘဲ မတွေ့နိုင်ဘူး တဲ့၊ သြော် ... အဲဒီတုန်းကများ တပည့်တော်မမှာ လူရယ်စရာကြီးကိုဖြစ်လို့။ ဒါတောင် မန္တလေးသွားသူ ကြုံတိုင်း ငါ့သားလေးဆီ ဝင်ခဲ့ကြပါဦးဟု မှာနေမိပြန်သည်။ နောက်တော့ တနှစ် တခေါက်ဖြင့် ကိုရင် ပြန်ကြွလာမှာပဲလေဟု လွမ်းစိတ်ကို ဖြေရတော့သည်။

သို့သော် ရွာက ဆရာတော် စိတ်မပြေသေးလို့လား မြို့က ဆရာတော် ခွင့်မပေးလို့လားမသိ၊ တနှစ်ပတ်ပင် လည်တော့သည်။ ကိုရင်ကဖြင့် ပြန်ကြွမလာ။ ပြာသိုလ ဘုရားပွဲတော်ချိန်မှများ လာမလားပဲ။ ဟုတ်သည်။ ထိုပွဲတော်မှာ ရွာဇာတိအဝေးနေ သံဃာတွေ အကုန်ပင့်တာပဲဟာ ... ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်မျှော်နေဖြစ်သည်။

တနေ့လာနိုး တနေ့လာနိုးနှင့် ပြည် ကူးတို့ သင်္ဘောကပ်ချိန်တိုင်း မြစ်ဆိပ်က သွားကြိုနေမိသည်။ အဝတ်ကလေး သုံးလေးထည်ကို မြစ်ရေမှာ အချိန်ကုန်အောင် လျှော်ဖွတ်ရင်း သား ကိုရင်ကို စောင့်မျှော်နေခဲ့သည့်အဖြစ်ကို မောင်ပဉ္စင်း ပြန်မြင်စေချင်လှသည်။ အဲဒီတုန်းက တနေ့ ... နောက်တနေ့ ...

ဟို နောက်တနေ့ ...

အဲဟို နောက်တနေ့ ...

နေ့ဆက် ထွက်မျှော်နေမိသည်။ ဘုရားပွဲတော်သာ ပြီးသွားသည်။ ကိုရင်၏ အရိပ်အရောင်ကိုကား မတွေ့ခဲ့ရ၊ နောက်ဆုံးမနေသာတော့မှ ကိုရင့်ဒကာကြီးက-

“ညည်းနှယ်အေ၊ သာထွန်းနဲ့ မန္တလေး ဘာဝေးတာ မှတ်လို့၊ တနေ့ခရီးပဲဟာ၊ ညည်းသားကို တွေ့ချင်ရင် ကျုပ် လိုက်ပို့မှာပေါ့၊ အချိန်မရွေး သွားတွေ့ရသားနဲ့ အလကား စိတ်ပင်ပန်းခံလို့၊ ညည်းသွားချင်တဲ့နေ့သာ ပြော”

အဲသည်က စပြီးနောက် နှစ်တွေမှာ တနှစ်တခေါက်လိုလို ကိုရင့်ဆီ ရောက်ဖြစ်တော့သည်။ ကိုရင်နှင့်လည်း တွေ့ရ၊ ဘုရားစုံလည်း ဖူးရသည်မို့ ဝမ်းသာရသည်။ ကိုရင် စာတော်ကြောင်းကိုလည်း အတူနေဦးဇင်း ကိုရင်တွေထံမှ ကြားရပြန်သည်။ အဲသည်ရောက်စနှစ်က ပထမငယ်တန်းကို အောင်ခဲ့သည်။ နောက်နှစ်များမှာလည်း ... မှတ်မိသေးတော့သည်။ ရောက်ဦးစ တခေါက်တုန်းက ကိုရင့်ဒကာကြီးက -

“ကိုရင် ဆွမ်းခံအိမ် ဘယ်နှစ်အိမ်ရှိလဲ၊ ဆွမ်းခံရတာ အဆင်ပြေလား”

“မန္တလေးက 'စ ဒ ဘ ဝ' နှင့်ညီမှ ဒကာကြီးရ”

“စ ဒ ဘ ဝ ဆိုတာ ဘာတုန်း ကိုရင်ရဲ့”

“စ ဒ ဘ ဝ ဆိုတာ စ စောစောထပြီး၊ ဒ ဒုန်းပြေးကာ ဘ ဘုံလောင်းတိုးနိုင်မှ ဝ ဝဝလင်လင် စားရမည်တဲ့”

ကိုရင့်အဖြေကြောင့် ရယ်လိုက်ကြရတာလေ။

သြော် ... အဲဒီတုန်းကတော့ အခုလို လူထွက်လိမ့်မည်ဟု ယောင်လို့ပင် မထင်မိခဲ့၊ ခုတော့ ...


(၆)
ပထမကြီးအောင်သည့်နှစ်မှာတော့ ရွာကို ပြန်ကြွလာသည်။ ဒါတောင် ပဉ္စင်းတက်ရန် အသက်ပြည့်နေသောကြောင့်သာ။ သို့မဟုတ်ရင်တော့ ...။

ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို နှစ်ချင်းဆက် အောင်မြင်ခဲ့ လေသော ကိုရင်ဖြစ်လေတော့ ရဟန်းဒကာခံလိုသူတွေ ပေါသည်။ ဟို ... ဝါးခယ်မ အောက်ပြည် အောက်ရွာက ဒကာတွေက ဒကာလုပ်ချင်၍ ရဟန်းလောင်း တောင်းသည့်တဲ့။ မပေးနိုင်ပေါင်တော်။ မပေးနိုင်ပေါင်။ သတင်းကြားကတည်းက ကိုယ်ပိုင် ပဉ္စင်းတက်ပေးနိုင်ဖို့ ခဲရသည်။

ပဉ္စင်းလောင်းဆိုတာ ပဋိသန္ဓေနေတဲ့ လရယ်၊ ဝါ ထပ်တဲ့ လတွေရယ် ပေါင်းယူရင် ဆယ့်ကိုးနှစ်ပြည့်တာနဲ့ ရဟန်းတက်လို့ ရပြီဟု ကိုရင့် ဆရာတော်ကမိန့်တော့ ဝမ်းသာလိုက်ရတာလေ။ ကဆုန်ဆို ကိုရင်က ဆယ့်ကိုးနှစ် ပြည့်ပြီပဲ။ ထိုနှစ်မှာပင် ကိုရင်ကို ရွာသို့ ပင့်ကာ ရဟန်းခံပွဲ ကျင်းပဖြစ်သည်။ ရဟန်းခံပွဲကိုလည်း ကြည့်ပါဦး။ သိမ်ဝင်တာပင် ကုန်းသိမ်မဟုတ်၊ ဧရာဝတီမြစ်ထဲမှာ ရေသိမ်သမုတ်ကာ ကြီးကြီးကျယ်ကျယ်ကို ကျင်းပပေးခဲ့သည်။ ဒီ ကျေးဇူးတွေကို ဆင်ခြင်ပြီး ငဲ့ညှာတန်ကောင်းပါရဲ့။ ငဲ့ညှာပါဦး ဘုရား ...။

အဲသည်တုန်းက သိမ်ဆင်းလောင်းလှူသွားတဲ့ လူတွေကလည်း များမှများ၊ သိမ်ဆင်းရာ မြစ်ဆိပ်မှသည် ဝါးသုံးလေးရိုက်ခန့် ဝေးရာ ကျောင်းပရဝဏ်ဝအထိ သိမ်က ဆင်း နို့ဖိုးဆပ် တရားဦးဟောတော့ ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။ မျက်ရည်များပင် လည်လို့။ သူ့ဒကာကြီးကို ကြည့်လိုက်တော့လည်း ပြုံးပြုံး ပြုံးပြုံးနှင့်။

သာသနာ့ အမွေခံတွေ ဖြစ်ပဟဲ့ ... သာသနာ့ ဒါယကာတွေ ဖြစ်ပဟဲ့ ... ဟု ကြည်နူးအားရကြီး အားရကာ အပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံကား ဖွင့်နိုင်တော့မည်ဟု သတ်မှတ်မိခဲ့သမျှ အင်း ... ခုတော့ ...။

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ တပည့်တော်မကို ငဲ့ပါဦးဘုရား ဟု ဖမိုး နဖူးချ တောင်းပန်ရမည်။

အမေကို ချစ်တဲ့သားပဲ၊ ငဲ့ညှာမည် ထင်သည်။ အဲ ... မရလျှင်တော့ ...။


(၇)
အင်း ... သူ့ဒကာကြီးသာရှိရင် သူလည်း ခုလိုပဲ စိတ်ကောင်းနိုင်ရှာမှာ မဟုတ်ဘူး။ သူ စောစော ကွယ်လွန်သွားတာ ကောင်းတယ်လို့တောင် ပြောရမလိုပင်၊ တမြန်နှစ်ကပင် သူ့သား မောင်ပဉ္စင်းရဲ့လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ရှာပြီ။ ဘဝကူး ကောင်းမှာပါ။ ရဟန်း ခမည်းတော်ကြီးအဖြစ်နှင့် အနိစ္စရောက်ခဲ့ရတာပဲလေ။ ဘတော်ပျံပေါ့။ ငါ့အလှည့်ကျရင်သာ ...။

မောင်ပဉ္စင်း၏ ရွတ်သံ၊ ဖတ်သံလေးနှင့် ဘဝကူးဖို့ရာ မသေချာတော့ပြီ။ အမေလည်း အသက်ကြီးပါပြီ။ ဒီ ဘုရားအရေတော်နှင့် အရိုးမထုတ်နိုင်တောင် အမေ့ တသက်တော့ မထွက်ပါနဲ့ဦးလို့ နောက်ဆုံး ပြောကြည့်ရမည်။

နေပါဦး ထွက်မယ်ဆိုတာကတော့ ကျိန်းသေလို့လား ငါ့နှယ် ... ငယ်ငယ်လေးကတည်းက သင်္ကန်းချည်ခဲ့တာ ပုဆိုးတောင် ကောင်းကောင်း ဝတ်တတ်တာ မဟုတ်ဘူး။ လူထွက်လို့ ဘာသွားလုပ်စားမှာလဲ။ အစစအရာရာ ကျပ်တည်းတဲ့ ကာလကြီးမှာ နတ်ပြည်ကနေ ငရဲကို ခုန်ဆင်းသလို ဖြစ်တော့မပေါ့။

အို ... ဒါတွေ သူ စဉ်းစားမိမှာပါ။ စာတတ် ပေတတ် ပုဂ္ဂိုလ်ပဲ၊ သွားပြောနေတာကမှ မိကျောင်းမင်း ရေခင်းပြ၊ ဘုန်းကြီးစာချ ဖြစ်နေဦးမယ်။ ဒါတွေ တကယ် စဉ်းစားမိလို့ကတော့ ထွက်ဖြစ်မယ် မထင်ဘူး။ ဟာ ... မစဉ်းစားမိလို့ထွက်လည်း ထွက်ထွက် ဘာတတ်နိုင်မှာလဲ။ သင်းထိုက်နှင့် သင်းကံပေါ့။ ကုသိုလ်ရဖို့ကတော့ သူမရှိလည်း တခြားကိုယ်တော်တွေ ကိုးကွယ်ယုံပေါ့။

စိတ်သည် ကရုဏာ ဒေါသောတလှည့် မုဒိတာ သောကတလှည့်နှင့် ရှိသည်။ အလုပ်ဝတ္တရားတို့ဖြင့် တည်းနှောင်ထားပါလျက်က ... ထွက်မှာတော့ မဟုတ်ပါဘူးလေ 'ကိစ္စများမြောင် လူတို့ဘောင်' တဲ့ မောင်ပဉ္စင်း ခဏခဏ ပြောနေတာပဲ။ ဒီ ဒုက္ခတွေ သူ သိပါတယ်။ အဲ ဒုက္ခကို သုခထင်အောင် လုပ်နိုင်တဲ့သူများ တွေ့ရင်တော့ မပြောတတ်ဘူး။ ဟုတ်တယ်။

မြို့သူ တယောက်နှင့်များ နီးစပ်နေရော့လား။ မြို့သူဆိုတာ တောက သူငယ်မလေးတွေထက်တော့ အစစအရာရာ သာတာကလား၊ နောက်ပြီး ဆတ်ကော့လတ်ကော့နှင့် ရဲတင်းလိုက်တာကလား။ အဲဒီလို သူငယ်မနှင့်များ ငြိစွန်းနေရင် ဟယ် ... ဟုတ်မယ်မထင်ဘူး။ ဘုရား သိကြားမလို့ မဟုတ်ပါစေနဲ့တော် မဟုတ်ပါစေနဲ့။

ဟုတ်ချင်ဟုတ်နေမှာ ဟုတ်နေရင်တော့ ထန်းလည်ဆစ်ကျိုး တဲ့ ... အို ငါ့သားကြီး ဒီလောက် မမိုက်ပါဘူး။

မမိုက်ဘူး ... မမိုက်ဘူး။

အင်း ... မြို့လွှတ်လိုက်တဲ့ အကောင်ကလည်း ကြာလိုက်တာ၊ ဒီနေ့ရောက်ရက်ပဲ၊ တညပဲ အိပ်၊ မောင်ပဉ္စင်းနဲ့ တွေ့ပြုပြီး ချက်ချင်း ပြန်လှည့်ခဲ့ဆိုတာ ...။

တကတည်းတော် စူဠလိပ် ရေထဲလွှတ်သလို ဖြစ်နေပြီ။


(၈)
မွန်းတိမ်းစမှာပင် မြစ်ဆိပ်ဆီမှ ပြည် ကူးတို့သင်္ဘော၏ ဥသြဆွဲသံကို ကြားရပြီ။ ထလိုက် ထိုင်လိုက်။ မြစ်ဆီမျှော်လိုက် ငေးလိုက်နှင့် စိတ်စောလှသည်။ မကြာပါ။

“ဟော ... အမေ ဟိုမှာ အမေ့သား ငကျော် ပြန်လာပြီ”

သားကြီး သတင်းပေးသံ မဆုံးမီ -

“အမေရေ ကျွန်တော် ပြန်လာပြီ၊ အမေ့သား ကိုယ်တော်နှင့် တွေ့ခဲ့ပါ့ဗျာ၊ ဒီနှစ် စာမေးပွဲပြီးရင် ချင်းပြည်နယ် သာသနာပြု ကြွရမှာ တဲ့။ မကြွခင် အမေ့ဆီ လာခဲ့ဦးမယ် တဲ့။ ဟောဒီမှာ အမေ့ဖို့ လူပျံတော်ပတ္တမြား သွေးဆေးနဲ့ စာ ...”

ဆေးဘူးတွေကို မကိုင်မိ၊ စာဆီသို့ လက်လှမ်းမိသည်။ စာရွက်ခေါက်ကလေး တွေကို ထုတ်ဖြေလိုက်တော့...။

အသက်ကြီးလာလို့နဲ့ တူပါရဲ့။ လက်တွေက တုန်ချင်နေပြီ။ စာရွက်လေးတွေကို တဖျပ်ဖျပ်နဲ့ ...။

ကံထွန်းသစ်

[သင့်ဘဝ။ ။ အောက်တိုဘာ၊ ၁၉၉၇]

အားလုံးကိုချစ်ခင်လေးစားလျှက်
ကိုရင်ကိုမင်း

Monday, June 20, 2011

ဘလော့မိတ်ဆွေများအတွက် တရားထိုင်နည်းများ.

အခုတလော အလုပ်တွေများနေတယ်ဗျာ... ကိုယ်တိုင် ပိုစ်အသစ်မတင်ဖြစ်ပေမယ့် မိတ်ဆွေဘလော့ဘာတွေဆီကိုတော့ အလည်ရောက်ပါတယ်.. ဒီနေအိမ်ပြန်လမ်းမှာ အတွေးတစ်ခု ရလိုက်တယ်..
ကျွန်တော် မြန်မာပြည်မှာ တရားစခန်းဝင်ခဲ့စဉ်က တရားစာလေးတွေ.. တရားထိုင်နည်းလေးတွေကို ကူထားမိတယ်.. အဲဒါကို မိတ်ဆွေတွေအတွက်မျှဝေချင်တာနဲ ဒီပိုစ်လေးကို ရေးလိုက်မိပါတယ်။

၁) ကိုယ်ခန္ဓာထက်ဝက်ပိုင်းချိုး၍ ထိုင်လျှင် (ခါးအထက် အပေါ်အပိုင်းခန္ဓာသည် တင်ဆုံရိုးခွေ၏ အပေါ်၌ရှိနေသည့်
အနေအထား) တင်ပြင်ခွေခွေ၊ ကျုံ့ကျုံ့ထိုင်ထိုင်၊ ပဆစ်တုတ်ထိုင်ထိုင်၊ ပုလ္လင်ခွေထိုင်သည်ဟု မှတ်ယူပေမည်။
နောက်ပိုင်းကျော်ရိုးဆစ်များ (ခါးရိုးဆစ်များ၊ ရင်ရိုးဆစ်များ၊ လည်ဆစ်ရိုးများ) ပုံသဏ္ဍာန်အတိုင်းဖြောင့်မတ်ဖြောင့်တန်းဖို့ လိုအပ်ပါသည်။ ရှေ့သို့ကုန်းနေခြင်း၊ နောက်သို့လန်နေခြင်း၊ ဘေးဘယ်ညာစောင်းနေခြင်း အလျင်းမရှိစေရပါ။ တင်ဆုံရိုးပေါ်တွင် နောက်ကျောရိုးများ၊ ရှေ့နောက်ဘယ်ညာ မစောင်းဖြောင့်တန်းဖို့လိုအပ်ပါသည်။ တစ်ဘက်ဘက်သို့ စောင်းနေလျှင် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ထိုင်နိုင်လိမ့်မည် မဟုတ်သည့်ပြင် သမာဓိလည်း တည်းနိုင်လိမ့်မည် မဟုတ်ပါ။
၂) ဦးခေါင်းကလည်း ရှေ့တူရူသို့ ရှေ့ရှူ၍ မော့ခြင်း၊ အောက်စိုက်ခြင်း ဘေးဘယ်ညာသို့ စောင်းခြင်း အလျဉ်းမရှိစေရပါ။
၃) မျက်စိ-မျက်စိကို အပြင်မှ မြင်ကွင်းနှင့် အလင်းရောင်ကာကွယ်ရုံလောက်သာ မှိတ်ထားရပါမည်။
အတင်းအကြပ်မမှိတ်ထားရပါ။ မျက်ရည်ပူများ ကျနိုင်ပါသည်။ အားစိုက်ရ၍ သမာမိမတည်မှာကိုလည်း စိုးရိမ်ရပါသည်။ အတွင်းမှ မျက်စိအနေအထားသည် မျက်ခွံပိတ်ထားသော်လည်း မျက်လွှာချထားသည့် သဏ္ဍာန်ရှိရပေမည်။
၎) တင်ပြင်ခွေထိုင်သည်ဖြစ်စေ ပဆစ်တုတ်ထိုင်သည်ဖြစ်စေ၊ ကျုံ့ကျုံ့ထိုင်သည်ဖြစ်စေ၊ တဘက်စောင်းထိုင်သည်ဖြစ်စေ ခြေထောက်၊ ပေါင်ဒူးများ မထပ်ရပါ။ တနည်းအားဖြင့် ခြေထောက်၊ ပေါင်၊ ဒူးများထပ်ခြင်းသည် ဖိနှိပ်ထားသကဲ့သို့ ရှိသောကြောင့် ရှည်ကြာစွာ သမာဓိတည်နိုင်ခြင်း၊ သတ်မှတ်ထားသော အချိန်အတောအတွင်း၌ ထိုင်စေနိုင်ခြင်းတို့ကို ထိခိုက်စေနိုင်ပါသည်။ ဂွင်ကျကျထိုင်ဖို့ လိုပါသည်။
၅) ၎င်းနောက် ဘယ်လက်ဖ၀ါးသည် ဂွင်ကျကျထိုင်လျက်ရှိသော တင်ပြင်ခွေ၊ အနေအထား၏ အလယ် တည့်တည့်ခန့်တွင် လက်ချောင်းများ ထိကပ်စုစည်းလျက်၊ (ပတ်လက်) ဖြန့်ချထားပြီး ညာဘက်လက်ဖ၀ါးသည်
ဖြန့်ချထားသော ဘယ်ဘက်လက်ဖ၀ါးပေါ်သို့ လက်ချောင်းများ အစီအစဉ်အတိုင်းထပ်၍ (ပတ်လက်) ဖြန့်ချရပါမည် လက်မထိပ်ချင်း ထိကပ်စေရမည့် အနေအထား၌ ရှိနေရပေမည်။


အားလုံးကိုချစ်ခင်လေးစားလျှက်
ကိုရင်ကိုမင်း

Tuesday, May 31, 2011

Wednesday, May 25, 2011

ဇမ္ဗူကျော်ကြား ကြီးပွားသူ

၁။ ထိုင်းမှိုင်းဖျင်းအ၊ မပျင်းရ၊ ထကြွလုံ့လ ရှိရမည်။
၂။ ကိစ္စခပင်း၊ မလစ်ဟင်း၊ အလျဉ်းသတိ ရှိရမည်။(သတိတမံ၊ ဉာဏ်မြေကတုတ်)
၃။ အပြစ်ကင်း၍၊ သန့်ရှင်းစင်ကြယ်၊ လမ်းသုံးသွယ်၊ တကယ်ရှိရမည်။
၎။ ကိစ္စအများ၊ မယွင်းမှား၊ စဉ်းစားပြု (ပြော၊ ကြံ) လေ့ရှိရမည်။
၅။ ကိုယ်နှုတ်စိတ်တွင်း၊ အပြစ်ကင်း၊ အလျဉ်းပုံသေ စောင့်ရမည်။
၆။ (က) လူဝတ်ကြောင်များ၊ မတရား၊ ရှောင်ရှားလုပ်ကိုင် စားရမည်။ (ခွေးရူးကောင်းစား တစ်မွန်းတည့်)
(ခ) ရဟန်းတော်များ၊ မတရား၊ ရှောင်ရှားဆွမ်းခံ စားရမည်။ (နေချောင်သေကြပ်၊ နေကြပ်သေချောင်)
ရ။ မမေ့မလျော့၊ မပေါ့မသွမ်း၊ ရဟန်းရှင်လူ၊ ခပ်သိမ်းသူ၊ ဇမ္ဗူကျော်ကြား ကြီးပွားမည်။


ဓမ္မဒူတ ဆရာတော်ဘုရားကြီး


အားလုံးကိုချစ်ခင်လေးစားလျှက်
ရင်ကို

Tuesday, May 24, 2011

ရှင်တော်မြတ်မိန့်ခွန်း

၁။ ဖြစ်ပျက်မပါ၊ သက်တစ်ရာ၊ နေတာ အလကား။
ဖြစ်ပျက်ကိုမြင်၊ တစ်နေ့ပင်၊ လွန်လျှင်ထို့ထက် အကျိုးများ။

၂။ ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊
ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။

၃။ စားခိုက်စားစဉ် သတိယှဉ် စားချင်စိတ်နဲ့ စားရုပ်မြင်၊
စားစဉ်စားခိုက် သတိစိုက် ရှုလိုက်မှတ်ကာ ပွားစေချင်၊
စားဆဲနာမ်ရုပ် စားစဉ်ချုပ် အဟုတ်ဉာဏ်စဉ်မြင်၊
အရိယာပတ္တ ကျင့်လမ်းပြ ဒီကနိဗ္ဗာန်ဝင်။


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း

Monday, May 16, 2011

စင်ကာပူက IKEA

ဘလော့မိတ်ဆွေတစ်ယောက် ဆွီိဒင်က IKEA အကြောင်းလေးရေးထားတာတွေလို့ ကျွန်တော်လည်း စင်ကာပူက IKEA ကိုအလည်သွားရောက်ခဲ့ပါတယ်။ စင်ကာပူမှာ IKEA ဆိုင်နှစ်ဆိုင်ရှိတယ်လိုသိရတယ်။ Alexandra မှာတစ်ခု Tampines မှာတစ်ခု ဖွင့်ထားတာပါ။ ကျွန်တော်က IKEA ဆိုင်လေးကို အရမ်းစိတ်ဝင်စားတယ်ဗျ၊
သူက ကျွန်တော်ကိုလည်း အတော်စွဲဆောင်နိုင်တယ်တယ်လေ၊ တစ်ခေါက်ရောက်ပြီးတိုင်း နောက်တစ်ခေါက်ထပ်သွားချင်အောင် ဆိုင်ခန်းဖွဲထားပုံလေးတွေက ဆွဲဆောင်ထားတယ်ဗျ၊ အနုပညာဆန်နေသလိုပဲလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်က စာသိပ်မရေးဖြစ်သလို စားလည်းသိပ်မရေးတက်ဘူးဗျ အမှားပါမှာလည်းစိုးရိမ်မိလို့ သူငယ်ချင်းများအတွက် ကျွန်တော်ရိုက်ထားတဲ့ စင်ကာပူ Alexandra က IKEA ဓါတ်ပုံလေးတွေကိုပဲ တင်ပေးလိုက်တယ်နော်..



Alexandra road မှာရှိတဲ့ IKEA ပါ။
















အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း

Wednesday, May 11, 2011

Tuesday, May 3, 2011

ထီးနှင့်ဖိနပ်


ရန်ကုန်မိုးက အရင်လို မဟုတ်တော့။ ရွာလိုက်လျှင် မစဲ။ စဲပြန်လျှင်လည်း ဖွဲဖွဲတော့ စွေသေးသည်။

ခုလည်း ညနေ ၄ နာရီကျော် ကတည်းက သဲသဲမဲမဲ ရွာနေသော မိုးက သဲတစ်လှည့်၊ ဖွဲတစ်လှည့်နှင့် ညနေ ၆ နာရီ ထိုးလုနီးချိန် အထိ မတိတ်နိုင်သေး။ ကျော်ခန့်လူက ကျွန်တော့်ကို လှည့်ကြည့်ရင်းနှင့်
“ရာသီဥတုကတော့ အားကစားသမားတွေ အကြိုက်ပဲ။ ငါ့လူ ထမယ့် အစီအစဉ် ရှိရဲ့လား”

ကျွန်တော်တို့ အချင်းချင်း နားလည်သော ဘာသာ စကားဖြစ်သည်။ မိုးအေးအေးနှင့် တစ်ဆိုင်ဆိုင်ကို သွားပြီး ယမကာ မှီဝဲရန် ကောင်းနေပြီ။ ကျွန်တော်က အေးစက်စက် ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ပြီး
“ကျွန်တော့် စိတ်ထဲကနေ ထသွားတာ အကြိမ်တစ်သန်း တိတိရှိပြီ။ တကယ် ထကစားဖို့က ဘောလုံးရှိမှ ဖြစ်တာ”

ကျွန်တော် ကွေးဆက်ပြလိုက်သော လက်ညှိုးနှင့် လက်မကို ကြည့်ပြီး သူက သက်ပြင်းမောကို ချသည်။ ပြီးတော့ သူ့မူပိုင် ချိုရှရှ အပြုံးကိုပြုံးကာ
“အေးဗျ၊ ၀တ္ထုတို ပေါင်းချုပ်မှာ ပါမယ့် ၀တ္ထုတိုအတွက် စာမူခ ရမလားလို့ ဖုန်းဆက်ကြည့်လိုက်တာ လကုန်မှ ထွက်မှာတဲ့။ စီးကရက် တစ်လိပ်ဖိုးပါ
ရော ပါသွားတယ်”

“ကျွန်တော်လည်း အဆင်မပြေဘူးဗျာ”

“ပြန်တော့မယ်ဗျာ။ အဆင်မပြေဘဲ ဆက်ထိုင် နေရတော့ ကောင်းကင်ကြီးက ကိုယ့်ရင်ဘတ်ပေါ် တအိအိ ပိကျလာသလိုပဲ”

ကျော်ခန့်လူက သူ့လွယ်အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်ရင်းပြောသည်။ ကျွန်တော်က ခေါင်းကိုသာ
ဆတ်ပြလိုက်မိ၏။ အကြည့်တွေကတော့ သဲသဲမဲမဲ မိုးရေထဲကို ရောက်နေမိ၏။
“တောက်... ဒီထီးဟာကွာ”

ဆွဲအဖွင့်တွင် အရိုး ကျွတ်သွားသော ထီးကို ပြန်ပြု ပြင်ရင်း သူက ညည်းတွားသည်။ ကျော်ခန့်လူထီးက လောကဓံ၏ ရိုက်ပုတ်မှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားထား ရပုံပေါ်၏။ တချို့နေရာများတွင် အရောင်လွင့်ကာ အနားစ တော်တော်များများ စုတ်ဖွာ နေကြပြီ။ သွားပြီဟု ထပ်နှုတ်ဆက်ရင်း ထွက်သွားသော သူ့ကျောပြင်ကို လိုက်ကြည့်ကာ ထီးလေးကို စိုးရိမ်လိုက်၏။ မိုးတို့တင် မဟုတ်၊ လေပါ တစ်ချက် တစ်ချက် ဝေ့ခနဲ ထိုးခွဲတိုက် ခိုက်နေတာပဲ။

လက်ဖက်ရည် ဆိုင်ထဲ ကို ပြန်သတိ ထားမိတော့ ကျွန်တော် အပါအ၀င် ၄-၅ ယောက်သာ ရှိတော့သည်။ တချို့ ခုံများကိုပင် သိမ်းပြီးပြီ။ သို့သော် ဆိုင်ကတော့ ထုံးစံ အတိုင်း လူတစ်ယောက်ယောက် ကျန်ချိန် အထိ သဘောကောင်းစွာ ဖွင့်နေဦးမည်။ ကျွန်တော် သက်ပြင်းငွေ့ငွေ့ကို ကြိတ်ချ မိလိုက်သည်။ တကယ်တော့ ကျွန်တော်နှင့် ကျော်ခန့်လူက ညနေ ၄ နာရီကတည်းက ရေနွေးကြမ်း တစ်အိုးနှင့် ထိုင်နေကြခြင်းသာ။ သူက လက်ဖက်ရည် မမှာတော့ ကိုယ်က ဆေးလိပ် မမှာရဲဟူသော အနေအထား။

ကျွန်တော် လွယ်အိတ် ကလေးကို ရွရွလေး ထွေးပွေ့ လိုက်၏။ လွယ်အိတ်ထဲတွင် ထီးရှိနေ၍ မဟုတ်ပါ။ ထီးပါ မလာခြင်းကြောင့်လည်း ကောင်းကင်ကြီး၏ တအိအိ ပြိုဆင်းဒဏ်ကို ခံနေရခြင်း။ မနက် အိမ်ကထွက်ရန်ပြင်စဉ် ကမှာလိုက်သော ဇနီးသည် စကားကို ပြန်ကြားယောင်မိ ၏။
“ရှင် ဒီနေ့ မဂ္ဂဇင်းက ၀တ္ထုတို စာမူခ ရမယ်ဆို၊ ထီး တစ်လက်တော့ ၀ယ်လာခဲ့နော်။ မြို့ထဲကို အမြဲလိုလို သွားနေရတော့ ထီးမရှိလို့ မဖြစ်ဘူး။ တော်ကြာ မိုးမိပြီး ဖျားရင် ဆေးဖိုးက ထီးဖိုးထက် ပိုထွက်နေဦးမယ်”

တကယ်လည်း ခုတော့ ကျွန်တော့် လွယ်အိတ်ထဲတွင် ၀တ္ထုတိုစာမူခ ၃,၀၀၀ ရှိနေပါသည်။ ခွင့်ပြုချက် ရပြီး သားမို့ စောစောကတည်းက ထီးဝယ်လိုက်လျှင် ဖြစ်နိုင်၏။ သို့သော် ဇနီးသည် စကားဆုံးတော့ သမီးပြောစကားက ထပ်ထွက်လာခဲ့သည်။
“ဖေကြီး သမီးတို့ မနက်ဖြန် ကျောင်းအပ်ရ တော့မယ်နော်။ သမီးကို မိုးစီးဖိနပ် ၀ယ်ပေးဦး။ ခုစီးနေတဲ့ ဖိနပ်က ဟောင်းနေပြီ”

“ဟဲ့... ဟောင်းပေမယ့် စီးလို့ ရသေးတယ် မဟုတ်လား။ နင့်အဖေက မြို့ထဲ မထွက်လို့ မရဘူး။ ထီးလိုတယ်”

သူ့အမေ စကားကြောင့် သမီးမျက်နှာက ငိုမဲ့မဲ့ဖြစ်သွား သည်။ ကျွန်တော့် အကြည့်က သမီး ခြေထောက်နှင့် သမီး ဖိနပ်ဆီကို ရောက်သွားမိ၏။ ဖိနပ်က တော်တော်ဟောင်း နွမ်းနေပြီ။ ထို့ပြင် ခက်နေတာက ဖနောင့်က ဖိနပ်ထက် တစ်လက်မခန့် ပိုနေနိုင်ခြင်းပင်။ ကြားဖူးသော ပုံပြင်ထဲက ပညာရှိကြီး စကားနှင့် ပြောရလျှင် ဖနောင့်ကို လှီးဖြတ်ရ မည့်အနေအထား။

သူတို့ကို ဘာစကားမှ ခွန်းတုံ့ပြန် မပြောဘဲ ကျွန်တော် မြို့ထဲ ထွက်လာခဲ့သည်။ စာမူခ ထုတ်ပြီးတော့ ကျွန်တော့်လုံးချင်း ထုတ်ဝေသူဆီ သွားသည်။ သူ့ညည်းသံ လုံးချင်း ၀တ္ထုရှည်ကြီးကို နားထောင်ပြီးမှ ကျွန်တော့် အခက်အခဲများကို ပြောပြရ၏။ မိုးက ကျွန်တော်တို့ ကျောကို ကျရောက်လာသည့် ကြာ ပွတ်သံ မဟုတ်လား။ ငွေ ဒင်္ဂါး... ငွေဒင်္ဂါး။ ငွေဒင်္ဂါးကို ထွေခင်းကစားမည့် မောင့်လိုယောက်ျား မဟုတ်ဘဲ၊ ငွေ ဒင်္ဂါးက ထွေခင်းကစားခြင်း ကို ခံနေရသည့် မောင့်လို ယောက်ျားဖြစ်နေရသည်။

“ဆရာ... ရေနွေးထပ် ယူဦးမှာလား”

အနားကို လာမေးသည့် စားပွဲထိုးလေး စကားကြောင့် ကျွန်တော် အတွေးဝယ်မျော နေရာမှ သတိပြန်ဝင်လာသည်။ ကြည့်လိုက်တော့ တစ်ဆိုင် လုံးတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်တော့၏။ လက်ဖက်ရည်ဆိုင် မီးဖိုများပင် ငြှိမ်းပြီးပြီ။ စားပွဲထိုး လေးလက်ထဲမှာက ပွက်ပွက် ဆူနေသော ရေနွေးတည်အိုး။

“တော်ပါပြီ၊ မယူတော့ ပါဘူးကွာ”

ကျွန်တော်က သူ့ကို မချိ ပြုံးပြုံးပြကာ ပြန်ပြောရင်း ထိုင်ရာမှ လေးပင်စွာ ထလိုက်သည်။ ပြီးတော့ ကောင်တာတွင် ငိုက်မြည်းစွာ ထိုင်နေသော ဆိုင်ရှင် ဦးမျိုးဆီကို သွားလိုက်၏။
“ဦးမျိုးရှိရင် ကျွန်တော့်ကို ကြွပ်ကြွပ်အိတ် တစ်လုံးလောက် ပေးပါလား”

ဦးမျိုးက ဘာမှ ပြန်မပြောဘဲ သူ့မှန်ဗီရိုလေးကို ဖွင့်ကာ ဟိုနှိုက် ဒီနှိုက် နှိုက်သည်။ ပြန်ထုတ်တော့ သူ့ လက်ထဲတွင် ကြွပ်ကြွပ်အိတ် အမည်းတစ်လုံး ပါလာ၏။
“ဒီမှာ၊ ထောင့်စွန်းကတော့ နည်းနည်း ပေါက်နေလိမ့်မယ်။ ဆရာကိုကောင်း ကျော် မဂ်္ဂဇင်းတွေ ထည့်ယူလာတာ”

“ကျေးဇူးပါပဲ”

ကျွန်တော်က လွယ်အိတ်ကို ကြွပ်ကြွပ်အိတ် အမည်းထဲ ထည့်ကာ လက်မှ ဆွဲလိုက်၏။ ခုလိုဆိုပါလျှင် လွယ်အိတ်ကတော့ မိုးဒဏ်မှ ကင်းလွတ်လေပြီ။ ကျွန်တော် ဆိုင်ထဲမှထွက်ရန် ပြင်တော့ ဦးမျိုးက လှမ်းပြောသည်။
“သိပ်မပေနဲ့ မောင်ရင်။ တော်ကြာ အရက်က အချောင် နာမည် ပျက်နေဦးမယ်”

ကျွန်တော်က သူ့ကို တစ်ချက်လှည့် ပြုံးပြပြီး မိုးရေထဲ ထွက်လိုက်တော့သည်။ စာရေးဆရာများ သေလျှင် အရက်ကိုပဲ စွဲချက်တင်တတ် ကြသည် မဟုတ်လား။ တကယ်တော့ ကျွန်တော်တို့ ဘ၀က အရက်နှင့် ရှောရှော ရှူရှူသေဖို့ အတွက်ပင် ဆုလာဘ် မရှင်သန်နိုင် တော့ပါ။ ၃၃ လမ်းမှ ထွက်လိုက်တော့ ကျွန်တော့်လိုပင် မိုးရေထဲမှာ အကာအကွယ်မဲ့ လမ်းလျှောက်နေသူ အတော်များများ ကို တွေ့လိုက်ရ၏။ သူတို့က အခါမဲ့ မေလမိုးမို့ ထီးမေ့ခဲ့ကြ တာလား။ ထီးကို မေ့ချင် ယောင်ဆောင် နေကြတာလား။ ဆက်မစဉ်းစား ဖြစ်တော့။ မိုးကတော့ သဲသဲမဲမဲ ရွာနေဆဲ။

ကျွန်တော် လမ်း လျှောက်လာရင်း ၃၅ လမ်း ထိပ်ကို ရောက်လာသည်။ ထိုလမ်းထိပ်တွင် ခုနှစ် မေ့လောက်သည့် တစ်နှစ်က ကျွန်တော် ၀ယ်ဖူးခဲ့သော ထီး အရောင်းဆိုင် ရှိ၏။ ကျွန်တော့် အကြည့်တွေ၊ ခြေလှမ်း တွေက အညှို့ငင် ခံလိုက်ရ သလို ထိုထီးဆိုင်ရှေ့ ရောက်သွားသည်။ ပလတ်စတစ် ခြင်းတောင်းရှည်များထဲတွင် ထည့်ထားသည့် ရောင်စုံထီးများ။ ကျွန်တော့်လက်က အလိုလို ထီးတစ်လက်ဆီ ရောက်သွားမိသည်။
“အဲဒီ ယောက်ျား ဆောင်းထီးက ၂၂၀၀ တည်းပါ ဆရာ၊ ဖွင့်ကြည့်ပါ”

အရောင်းဝန်ထမ်းဖြစ် ဟန်တူသည့် ကောင်လေး တစ်ယောက် ကျွန်တော့်နား ရောက်လာသည်။ ကျွန်တော့် တုံ့နှေးနှေး အမူအရာကြောင့် သူက ထီးကို ကပျာကယာ ယူပြီး ဖွင့်ပြ၏။
“ကြည့်ဆရာ၊ ဆောင်းမယ်ဆို တစ်မိသားစုလုံး ဆောင်းလို့ရတယ်။ တစ်မိုးကတော့ ရိုက်ချိုးတောင် မကျိုးဘူး”
ဘာရယ်မဟုတ်ဘဲ ကျွန်တော့် လက်တွေက နောက်ထီးတစ်လက်ဆီ ရောက်သွားပြန်၏။

“သူက ၂၅၀၀။ ထီး ကိုင်းတွေက နှစ်ချောင်းပူးလေ။ ထီးကိုင်းနှစ်ချောင်း၊ ငွေမင်ကာနဲ့ ဆိုရင်တော့ ၃၀၀၀ ပါ။ ၀ယ်မယ့်အတူတူ ငွေမင်နဲ့ ခိုင်ခိုင်ခံ့ခံ့ဝယ်ပေါ့ ဆရာ။ ငွေငါးရာ ဘာရှိတာ မှတ်လို့”

ပင်လယ်ငါး ၃၀၀ ဖိုး၊ ကန်စွန်းရွက် ၁၀၀ ဖိုး၊ ငရုတ်သီးခြောက် ၁၀၀ ဖိုးက တစ်ရက်တွက် ဖြစ်တာပေါ့ကွာဟု ကျွန်တော့် စိတ်ထဲမှာသာ ပြန်ပြောဖြစ်လိုက်မိ၏။ လက်တွေ့မှာတော့ အကြည့်တွေက ဆိုင်ထဲ ရောက်သွားသည်။ ဆိုင်ထဲရှိ အဆင့်တွေမှာက စီစီ ရီရီပြထားသည့်ဖိနပ်များ။ ခြေလှမ်းတွေကပါ ဆိုင်ထဲ ရောက်သွားပြန်သည်။ ထီးဖွင့်ပြနေသည့် ကောင်လေးကတော့ ခေါင်းကုတ် ကျန်နေခဲ့ ၏။

အရောင်းဝန်ထမ်းဖြစ် ဟန်တူသော ကောင်မလေး တွေကတော့ ကျွန်တော့်နား ကပ်လိုက်မလာပါ။ ကျွန်တော့် ကိုယ့်ခန္ဓာတွင် ရွှဲရွှဲစိုနေ သော မိုးရေစက်တွေကြောင့် လား၊ ရောင်စုံ ဖိနပ်တွေကို အလှ ၀င်ကြည့်သူဟု ထင်နေ ခြင်းကြောင့်လားတော့ မသိ။ သို့သော် ဖိနပ်များတွင် ဈေးနှုန်း ကပ်ပြီးသားမို့ ပြဿနာတော့ မရှိ။ ဆိုင်အ၀င်ဝတွင် တစ်ခွန်းဆိုင်ဟုလည်း ဆိုင်းဘုတ်ကြီး ကပ်ထားတာပဲ။

အချိန်တော်တော်ကြာ အောင်ကြည့်ပြီးတော့ ၁၈၀၀ ဟု တန်ဖိုး ကပ်ထားသည့် ဖိနပ်လေး တစ်ရံက ကျွန်တော့် စိတ်ကို ဖမ်းစားနေသည်။ ကျွန်တော် ရူးမတတ်ကြည့်ခဲ့ သည့် သမီး ခြေဖ၀ါးလေးနှင့် ဆိုပါလျှင် ဘုရားသခင် ဖန်ဆင်းပေးလိုက်သလို လိုက်လျောညီထွေ ဖြစ်နေပေလိမ့်မည်။ ကျွန်တော် မျက်စိကို ကမန်းကတန်း ပိတ်လိုက်သည်။

သို့သော် အာရုံတွင် ပျောက်ကွယ်မသွား။ မနက်ဖြန် ကျောင်းအပ်ရတော့မယ်တဲ့။ ဇနီးသည်၏ ခြောက်ခြောက်ကပ်ကပ် ပိုက်ဆံအိတ်ကို သတိရသွားသည်။ ငွေ ၃,၀၀၀ ထဲမှ ငွေ ၁,၈၀၀ ကို နုတ်ကြည့်ရာ စိတ်ကျေနပ် လောက်သည့် အဖြေမှန် မရဘဲ ချာချာလည်နေမိ၏။ ကောင်းကင်နှင့် မြေပြင် သဘောတရား။ ထီးနှင့်ဖိနပ်၏ အနေ အထား။ မိုးကတော့ သဲသဲမဲမဲ ဆက်ရွာနေဆဲပင်။

အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဇနီးသည် မျက်နှာကို အရင်ဆုံး မြင်လိုက်ရသည်။ ကျွန်တော့် မိုးရေစိုစို ခန္ဓာကိုယ်ကို မြင်တော့ သူက နှုတ်ခမ်းရွဲ့ကာ
“ဒီလောက်ကြာနေပုံ ထောက်ရင် သောက်နေပြီ ဆိုတာ ထင်သားပဲ။ ထီးမ၀ယ်ဘဲ မျိုလာဆို့လာပြီမဟုတ် လား။ သေသွားတော့လည်း အေးတာပေါ့။ ပြောတော့ စာရေးဆရာတဲ့။ ဘယ်လိုအသိ ဉာဏ်တွေနဲ့ ဘာတွေများ ရေးပါလိမ့်။ ရှင်သေသွားရင် ရေလှည်းတွန်းရောင်းတဲ့ လူကို ယူမယ်။ အဲဒါကမှ ထမင်း နပ်မှန်ဦးမယ်။ ဒီကတော့ ထီး ဆောင်းရပါစေ ပြောလိုက်ရတာ။ ကြည့်စမ်း၊ မိုးမိပြီး ခိုက်ခိုက်တုန်နေပြီ မဟုတ်လား။ နောက်နေ့တွေလည်း ထီးမရှိဘဲ ဆက်သွား။ ရှင်မြန် မြန် သေတော့ ကျုပ် မြန်မြန် အေးရတာပေါ့”

ဇနီးသည် ပြောရင်းနှင့် မျက်ရည်ဝိုင်းလာတာကို မြင်ရသည်။ ကျွန်တော် ခွန်းတုံ့ ပြန်ပြောမနေဘဲ အခန်းထဲဝင် ပြီး အ၀တ်အစားလဲလိုက်၏။ အမှန်လည်း ကျွန်တော် ခိုက် ခိုက်တုန်အောင် အေးလွန်းလှပြီ။ ကျွန်တော့် တုံဏိဘာဝေ အမူအရာကြောင့် သမီးကပါ ငိုမဲ့မဲ့ မျက်နှာနှင့် အိပ်ခန်းထဲ ၀င်သွားသည်။ ကျွန်တော် တိတ်ဆိတ် ငြိမ်သက်စွာပင် ထမင်း စားလိုက်၏။ ပြီးတော့မှ လွယ်အိတ်ထဲက မဂ္ဂဇင်း စာအုပ်ကို ထုတ်သည်။ ဇနီး သည်က မျက်စောင်းလှမ်း ထိုးသည်။

ကျွန်တော် ကျစ်ကျစ်ပါ အောင်ထည့်လာခဲ့သော ငွေစက္ကူလိပ်လေးကို ဇနီးသည်အား ကမ်းပေးလိုက်သည်။ သူက ဆောင့်ဆောင့်အောင့် အောင့် လှမ်းယူကာ ဖြေ ကြည့်၏။ ၅၀၀ တန်တစ် ရွက်၊ ၂၀၀ တန်နှစ်ရွက်၊ ၁၀၀ တန်တစ်ရွက်။
“ဒီဟာနဲ့ ဘာထီးမှ မရဘူး။ ရှင် မနက်ဖြန် မြို့ထဲ သွားရင် အရက်သောက်ဖို့ ပြန်သာယူသွား”

ကျွန်တော် ဘာမှပြန် မပြောဘဲ ခြေဖွကာ အိပ်ခန်းထဲ ၀င်လိုက်သည်။ ခြင်ထောင်ထဲမှ နေပြီး တံခါး ဘက်ကိုကြည့်နေသော သမီးက ကျွန်တော့်ကိုမြင် တာနှင့် ဖျတ်ခနဲ တစ်ဖက် လှည့်သွားသည်။ ကျွန်တော်က ခြင်ထောင်ထဲကို ၀င်လိုက်၏။ ပြီးတော့ သမီးလက် မောင်းလေးကို လှမ်းကိုင် လိုက်သည်။ သမီးက လှည့် မကြည့်။

ကျွန်တော်က ရင်ဘတ်ထဲတွင် ဖွက်ယူလာသော အထုပ်ကလေးကို ထုတ်ကာ သမီး မျက်နှာလှည့် နေရာဘက်ဆီသို့ ထိုးပြလိုက်၏။ သမီးက အိပ်နေရာမှ ဆတ် ခနဲထထိုင်သည်။ ပြီးတော့... ပြီးတော့ မျက်စိတွေက အရောင်တဖျပ်ဖျပ် တောက်ပသွားသည်။ ကျွန်တော်က နှုတ်ခမ်းထက်ပေါ် လက်ညှိုး ကပ်ကာ ရှူးခနဲ လုပ်ပြလိုက်၏။ သမီးကလည်း ကျွန်တော် လုပ်ပြသလို ပြန်လုပ်ပြကာ ပြုံးစစနှင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသည်။ ထိုသို့ နွေးထွေးသော အပြုံးကို ရနေပါလျှင် ကျွန်တော့်အတွက် ဒီတစ်သက်လုံးမှာ ထီးမလိုတော့ပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်... Written by တင်မြင့်ဦး

ရင်ကို

Thursday, April 14, 2011

ဘုရားအဖြစ်သို့ ရောက်တော်မူပုံ


ဘုရားအဖြစ်သို့ ရောက်တော်မူပုံ။
ဘုရားအလောင်းတော်မြတ်သည် မာရ်နတ်မင်း၏ ရန်ကိုအောင်တော်မူပြီး၍ ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ မရောက်သမျှ ဤနေရာမှ မထဟု ကြီးစွာသော လုံ့လတော်ဖြင့် ဆင်ခြင် သုံးသပ်တော်မူသောအခါ၊ ညဥ့်ဦးယံ၌ လွန်လေပြီးသော ဘ၀ပေါင်းများစွာကို ပြန်၍အောက်မေ့ဆင်ခြင် သိနိုင်စွမ်းသော ပုဗ္ဗေနိဝါသနုဿတိဥာဏ်၊ သန်းခေါင်ယံ၌ သုံးဆယ့်တစ်ဘုံလုံး၌ ဖြစ်ပျက်နေကြကုန်သော သတ္တ၀ါ အားလုံးကို မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဥာဏ်၊ မိုးသောက်ယံ၌ ကိလေသာဟူသမျှကို အကြွင်းမရှိပယ်စွမ်းနိုင်သော အာသ၀က္ခယဥာဏ်ကို ရတော်မူပြီးလျှင် သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ၊ နံနက်အရုဏ်တက်အချိန်တွင် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်. . .

ATTAINMENT OF ENLIGHTENMENT AS BUDDHA

Having vanquished the army of Mara, the Future Buddha sat cross-legged at the foot of the Bodhi tree with the firm resolution that he would not get up from his seat until he attained the supreme wisdom of a Buddha , and went into deep meditation . He acquired in the first watch of the night the knowledge of previous existences; in the middle watch of the night , the divine eye with which he could see the beings of all thirty-one planes of existence dyig and being reborn; and in the last watch of the night, he gained the bliss of complete emancipation. Thus on Wednesday the full moon day of Visakha(April-May) 103 the Great Era at dawn, the Great being attained the Supreme Enlightenment of a Buddha.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း

ဘုရားဖြစ်တော်မူခါနီး၌ မာရ်နတ်လာ၍ ဖျက်ဆီးနေပုံ။


ဘုရားဖြစ်တော်မူခါနီး၌ မာရ်နတ်လာ၍ ဖျက်ဆီးနေပုံ။
ဘုရားအလောင်းတော်သည် သုဇာတာ၏ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး၍ နေရဉ္စရာ မြစ်ကမ်း၏ အေးချမ်းသာယာသော အင်ကြင်းဥယျာဉ်၌ နေ့အဖို့တွင် သန့်စင်နေထိုင်တော်မူကာ ညနေချမ်းမှာ ဗောဓိပင်တို အကြွတွင် မြတ်ရိတ်ပုဏားထံ မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့ပြီးလျှင် ထိုမြက်ပေါ်မှာပင် "ဘုရားမဖြစ်သမျှ ဤတင်ပလ္လင်ကို မဖျက်တော့အံ့" ဟု ဓိဠာန်လျက် ထက်ဝယ် ဖွဲ့ခွေ ထိုင်တော်မူရာ . . ဗြဟ္မာသိကြား နတ်အများလည်း ထံပါးသို့ရောက်လာကြလေသည်. . .

ထိုထိုင်နေပုံကိုမြင်ရ၍ ဧကန်မုချ ဗုဒ္ဓဖြစ်တော့မည်ကို သိသော မာရ်နတ်မင်းသည် ထန်ပြင်းသော ဒေါသဖြင့် နတ်ပြည် သို့ပြန်သွား၍ စစ်သည်တပ်သား စုဆောင်းကာ မိမိကိုယ်တိုင် ကလည်း လက်နက်မျိုးစုံကိုင်လျက် "တက်ကြလော့ " ဟု ဆော်အော ခြိမ်းခြောက်လေရာ ဗုဒ္ဓမြတ်စွာ လောင်းလျာသည် ရက်စက်ကြမ်းကြုတ်နေသော သားအပေါ်တွင် မိခင်မေတ္တာကဲ့သို့ ဘ၀များစွာ အထုံပါသော မေတ္တာတော် အစွမ်းဖြင့် အေးချမ်းကြည်ဖြူ အောင်တော်မူလေသည်. .

THE FUTURE BUDDHA BEING ATTACKED BY MARA THE EVIL ONE JUST BEFORE HE ATTAINED ENLIGHTENMENT

After eating the milk-porridge offered by Sujata, the Future Buddha took his noonday rest on the bank of the Neranjara, in the cook and pleasant shade of a grove of sal trees. And at nightfall he went towards the Bodhi tree. On the way he received from a grass-cutter named Sotthiya eight handfuls of grsss and sat down cross-legged on that grass. He made the mighty resolution : "I will not stir from this seat until I have attained the supreme and absolute wisdom". Many higher and lower gods with Sakka came near the Future Buddha.

The god Mara, the Evil One , saw the Future Buddha seated in that unconquerable position and knew that he was sure to become a Buiddha. He went back to his celestial realm and brought his army drawn out for battle. He grasped a variety of weapons himself and sounded the warcry "Advance! Seize!" to frightedn the Great Being . But the Future Buddha won a peaceful victory over Mara with the power of loving kindness. which he had practised in his many past lives just as a mother would tame a cruel and wicked son with her maternal love.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း

သုဇတာလှူဒါန်းသော ဃနာနို့ ဆွမ်းကိုခံယူတော်မူနေပုံ။


သုဇတာလှူဒါန်းသော ဃနာနို့ ဆွမ်းကိုခံယူတော်မူနေပုံ။
ဥရုဝေလ တော၏အနီး "သေနာ" နိဂုံး ကြီးဝယ် သူဌေးကတော် သုဇာတာသည် အပျိုဘ၀တုန်းက ညောင်ပင်ကြီးသို့သွား၍ သူဌေးကို ရဖို့ရန်နှင့် သားဦးရဖို့ရန် ဆုပန်ခဲ့လေရာ ထိုဆုအတိုင်း ပြည့်သောကြောင့် နတ်မင်းကြီးက မ-သည်ဟု ထင်၍ နှစ်စဉ် ပူဇော်လေ့ရှိ၏ . . . အလောင်းတော်လည်း ၆ နှစ်ပတ်လုံး ပင်ပန်းလှသော အကျင့်ဖြင့် တရားထူး မရသောကြောင့် ဆွမ်းအာဟာရကို မျှတအောင် ဘုန်းပေး၍ ကျင့်တော်မူလေပြီ. .

အလောင်းတော်သည် သက်တော်၃၅ နှစ်ပြည့်ရာ ကဆုန်လပြည့်နေ့ နံနက်စောစော အခါတွင် ညောင်ပင်အောက်သို့ ရောက်တော်မူနေစဉ် သုဇာတာသည် မိမိ၏ကျေးဇူးရှင် နတ်မင်းဟု မှတ်ထင်၍ တစ်သိန်းတန် ရွှေခွက်နှင့် တကွ နို့ဃနာဆွမ်းကို လှူဒါန်းလေသည်. နေရဉ္စ မြစ်ကမ်း၌ ထိုဆွမ်းကို ဘုဉ်းပေးတော်မူပြီး၍ "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ရေညာ ဆန်စေသား" ဟု အဓိဠာန် ၍ ရွှေခွက်ကို မျှောလိုက်ရာ ရေညာသို့ ဆန်တက်သွားလေသည်. .

THE FUTURE BUDDHA RECEVING THE MILK-PORRIDGE OFFERED BY SUJATA

There lived in the village of Senani near Uruvela forest, a girl named Sujata. She had uttered a prayer for fulfillment of her wish at a banyan tree, and owed a yearly offering to it, the most she should have a good marriage and a son as her first born child. The wish having been fulfilled, she use to make an offering every year at the banyan tree. Now the Great Being had resumed taking usual food, because he found that the austerities he practiced for full six years were not the way to enlightenment.

On the full moon day of the month Visakha (April-May) the Future Buddha who had attained 35 years of age, was sitting under the banyan tree. Sujata caught sight of the Future Buddha and supposing him to be the tree-god, her benefactor, who had come down, offered him milk-porridge in a golden bowl that was worth a hundred thousand pieces of money. He proceeded to the banks of the Neranjara and ate the food. He took the bowl to the river bank and set it on the river saying " The most today I shall be able to became a Buddha, let this bowl go up- stream". It floated up-streamed.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

ဒုက္ကရစရိယကျင့်၍ ကိုယ်တော်၏ အသွေးအသားခေါင်းပါးနေပုံ။



ဒုက္ကရစရိယကျင့်၍ ကိုယ်တော်၏ အသွေးအသားခေါင်းပါးနေပုံ။
ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် ဆရာဖြစ်ထိုက် သူကိုရှာရာ အာဠာရနှင့် ဥဒက ရသေ့တို့ကိုတွေ့၍ ထိုရသေ့တို့အထံမှ လောကီဈာန်မျှကိုသာ နည်းခံရသဖြင့် အားရတင်းတိမ်ခြင်း မရှိဘဲ တရားထူးကို ဆက်လက်ရှာဖွေကာ ဥရုဝေလတောသို့ ရောက်တော်မူသည်. . . ထို့နောက် သေနာနိဂုံးသို့ ဆွမ်းခံဝင်၍ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင်. . ဆွမ်းခံသွားရသည်ကိုပင်. . တရားအလုပ် အနှောင့်အယှက်ဟု ထင်သောကြောင့် ဒုက္ကရစရိယကို စ၍ကျင့်တော်မှုလေသည်. .

သာမငန်လူတို့ကျင့်နိုင်ခဲသော အကျင့်ကို ဒုက္ကရစရိယဟုခေါ်သည်. . .

ကျင့်စဉ်မှာ - ဆွမ်းမစားဘဲ အလိုလို ကြွေကျသော သစ်သီးကိုသာ ကောက်ယူ စား၏ . . ထို့နောက် သစ်ပင်ရှိရာသို့သွား၍ မကောက်ဘဲ မိမိ သစ်ပင်အောက်က သစ်သီးကိုသာ ကောက်စား၏ . . . ထို့နောက် သစ်သီးတစ်လုံး နှမ်းတစ်လုံး ဆန်တစ်လုံးကိုသာ စား၏. . ဤသို့ အစာကိုလျှော့သဖြင့် အသွေးအသား မရှိတော့ချေ. . . စိုပြည်ဝင်းဝါသော. . အဆင်းတော်လည်း ညိုမဲ သွေ့ခြောက်ကာ အရိုးနှင့် အရေသာ ကျန်လေတော့သည်. .

The future Buddha made the great struggle and his body became emaciated

Having become a monk, the future Buddha sought for teachers and found two renowned Brahmin teachers. Alara Kalarma and Uddaka Ramaputta. He acquired from them the method of meditation leading only to mundane superhuman power. But not satisfied with it, he ceased to practise it . And being desiroius of attaining Enlightenment he continued his search and went to Uruvela grove. He entered Senani village an begged for his food from house to house and ate his meal. He thought to himself that having to go on a begging round for food in itself was a hindrance to his ascetic practices and began to practices the Great Struggle. The great Struggle is an austere practice which is beyond human endurance of an average person. He tried various plans such as, abstaining from rice meal and living on fruits which dropped from trees then on fruits which dropped drome the tree under which he sat., then living on one fruit , one sesamum seed or one grain of rice a day. By this lack of nourishment his body was reduced to skin and bones and lost its golden colour and became dry and black.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

ဘုရားအလောင်း ဆံတော်ပယ်၍ ရဟန်းပြုတော်မူပုံ



ဘုရားအလောင်းဆံတော်ပယ်၍ ရဟန်းပြုတော်မူပုံ။
သန်းခေါင်အခါ၌ တောထွက်တော်မူလာသော ဘုရားအလောင်းသည်နံနက်လင်းသောအခါ "အနော်မာ " မြစ်ကမ်းသို့ ဆိုက်ရောက်တော်မူ၍ ကဏ္ဍကမြင်းတော်အစွမ်းဖြင့် ရှစ်ဥသဘ ဝေးကွာသော ဟိုဘက်ကမ်းသို့ ကျော်လှမ်းတော်မူလေသည်။ ထို့နောက် ဆင်ဝတ်တော်မူ သောတန်ဆာနှင့်မြင်းတော်ကို ဆန္နအားအပ်၍ တိုင်းပြည်သို့ပြန်ကြတော့ဟု စေလွှတော်မူပြီး လျှင် အနော်မာသောင်အပြင်ဝယ် သန်လျက်ဖြင့်ဆံတော်မြတ်ကို ပယ်ဖြတ်တော်မူလေသည်။

ထိုသို့ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာတည်ပါစေသား" ဟု ဓိဠာန်၍ တာဝတိံသာနတ်ပြည်ဝယ် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ဃဋိကာရဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ၀တ်လဲတော်ပုဆိုးကို လည်း ဃဋိကာရဗြဟ္မာမင်းယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿ စေတီ တည်ထားကိုးကွယ်ထားလေသည်။

THE FUTURE BUDDHA CUTTING HIS HAIR TO BECOME A MONK


The Future Buddha who left the city at midnight on his Great Renunciation came to the bank of the Anoma (Illustrious) River at day-break. He gave the signal to his horse with his heel, and the horse sprang over the river, which had a breadth of eight usabhas (an usabha is 140 cubits or 210 feet), and landed on the opposite bank. He handed over to Channa his ornaments and the horse, Kanthaka, and asked him to go back home with them. He then cut his hair with the sword on the sandy beach of the Anoma.


Then the Future Buddha seized hold of his top-knot and threw it into the air, saying-"If I am to become a Buddha, let it stay in the sky; but if not, let it fall to the ground. And Sakka, the King of the gods, received it in a golden casket, and established it in the Heaven of the Thirty-three Gods as the Culamani Ceti (Shrine of the Diadem). After that, the Future Buddha put on the robes, the symbol of asceticism, brought by the Maha-Brahma god, Ghatikara, and became an ascetic. His garments, made of Benares cloth, were taken away by Ghatikara, and established in the realm of the higher gods as the "Dussa Shirne.



အားလုံးကိုချစ်ခင်လေးစားလျှက်...

သန်းခေါင်အခါ၌ တောထွက်တော်မူလာသော ဘုရားအလောင်းသည်နံနက်လင်းသောအခါ "အနော်မာ " မြစ်ကမ်းသို့ ဆိုက်ရောက်တော်မူ၍ ကဏ္ဍကမြင်းတော်အစွမ်းဖြင့် ရှစ်ဥသဘ ဝေးကွာသော ဟိုဘက်ကမ်းသို့ ကျော်လှမ်းတော်မူလေသည်။ ထို့နောက် ဆင်ဝတ်တော်မူ သောတန်ဆာနှင့်မြင်းတော်ကို ဆန္နအားအပ်၍ တိုင်းပြည်သို့ပြန်ကြတော့ဟု စေလွှတော်မူပြီး လျှင် အနော်မာသောင်အပြင်ဝယ် သန်လျက်ဖြင့်ဆံတော်မြတ်ကို ပယ်ဖြတ်တော်မူလေသည်။

ထိုသို့ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာတည်ပါစေသား" ဟု ဓိဠာန်၍ တာဝတိံသာနတ်ပြည်ဝယ် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ဃဋိကာရဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ၀တ်လဲတော်ပုဆိုးကို လည်း ဃဋိကာရဗြဟ္မာမင်းယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿ စေတီ တည်ထားကိုးကွယ်ထားလေသည်။

THE FUTURE BUDDHA CUTTING HIS HAIR TO BECOME A MONK


The Future Buddha who left the city at midnight on his Great Renunciation came to the bank of the Anoma (Illustrious) River at day-break. He gave the signal to his horse with his heel, and the horse sprang over the river, which had a breadth of eight usabhas (an usabha is 140 cubits or 210 feet), and landed on the opposite bank. He handed over to Channa his ornaments and the horse, Kanthaka, and asked him to go back home with them. He then cut his hair with the sword on the sandy beach of the Anoma.


Then the Future Buddha seized hold of his top-knot and threw it into the air, saying-"If I am to become a Buddha, let it stay in the sky; but if not, let it fall to the ground. And Sakka, the King of the gods, received it in a golden casket, and established it in the Heaven of the Thirty-three Gods as the Culamani Ceti (Shrine of the Diadem). After that, the Future Buddha put on the robes, the symbol of asceticism, brought by the Maha-Brahma god, Ghatikara, and became an ascetic. His garments, made of Benares cloth, were taken away by Ghatikara, and established in the realm of the higher gods as the "Dussa Shirne.



အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

ဘုရားအလောင်းမြိုတော်မှ ထွက်ခါနီး မာရ်နတ်တားစီးနေပုံ။


ဘုရားအလောင်းမြိုတော်မှ ထွက်ခါနီး မာရ်နတ်တားစီးနေပုံ။
ဘုရားအလောင်းတော်သည်. ယသော်ဓရာနန်းဆောင်မှ ထွက်ခွာ၍ မြေပြင်သို့ဆင်းသက်လာပြီးလျှင် . . . အဆင်သင့်ပြင်ထားပြီးသော ကဏ္ဍက မြင်းတော်ကို စီးလျက် မြင်းမြီးကို ဆွဲကိုင်သော ဆန္နအမတ်နှင့်အတူ သန်းခေါင် အချိန်မှာ တောထွက်တော်မူလေသည်. . . မြို့တံခါး အနီးရောက်သောအခါ မာရ်နတ်မင်းသည် "ကောင်းကင်၌ ရပ်လျှက် ၇ ရက်ကြာလျှင် စကြာရတနာ ဆိုက်ရောက်ပါတော့မည်. . . တောမထွက်ပါနှင့် "ဟု တားဆီးလေသည်. . .

ထိုအခါ ဘုရားအလောင်းက "အိုမာရ်နတ် စကြာရတနာ ဆိုက်ရောက်လာမည့် အကြောင်းကို ငါသိပြီးပင် ဖြစ်သည်. . . . ထိုစကြာရတနာကို ငါအလိုမရှိပါ. . . ဘုရားဖြစ်ပြီး၍ သတ္တ၀ါအများအား ကယ်တင်နိုင်ခြင်းကိုသာ ငါအလိုရှိသည် . . . " ဟုပြန်ပြောပြီး လျှင် မြို့တံခါးစောင့်နတ်သားက အဆင်သင့်ဖွင့်ထားသော တံခါးဖြင့် ထွက်တော်မူလေရာ နတ်ဗြဟ္မာ အပေါင်းခြံရံကာ လွန်စွာကြည်နူးဖွယ်ကောင်းပေသည်. .

MARA. THE EVIL ONE, PERSUADING THE FUTURE BUDDHA TO TURN BACK ON THE POINT OF HIS DEPARTURE FROM THE CITY

Coming away from Yasodhara's chamber, the Future Buddha descended from the palace and rode on the mighty steed, Kanthaka, already saddled and bridled for the journey with Channa holding on by the tail. He issued forth on the Great Renunciation and arrived at midnight at the great gate of the city. At this moment came Mara, the Evil one, with the intention of persuading the Future Buddha to turn back; and standing in the air, he said , " Sir, go not forth! . On the seventh day from now the Wheel Treasure will appear to you. Sir, Turn back!"

The Future Buddha replied as follows: " Mara, I know that the Wheel Treasure was on the point of appearing to me; but I do wish for sovereignty. My sole desire is to become a Buddha and save the world of gods and men". He then departed from the city in great splendor surrounded by higher and lower deities on all sides, the divinity that guarded the city gate having opened it for them.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

ဘုရားအလောင်းမြိုတော်မှ ထွက်ခါနီး မာရ်နတ်တားစီးနေပုံ။


ဘုရားအလောင်းမြိုတော်မှ ထွက်ခါနီး မာရ်နတ်တားစီးနေပုံ။
ဘုရားအလောင်းတော်သည်. ယသော်ဓရာနန်းဆောင်မှ ထွက်ခွာ၍ မြေပြင်သို့ဆင်းသက်လာပြီးလျှင် . . . အဆင်သင့်ပြင်ထားပြီးသော ကဏ္ဍက မြင်းတော်ကို စီးလျက် မြင်းမြီးကို ဆွဲကိုင်သော ဆန္နအမတ်နှင့်အတူ သန်းခေါင် အချိန်မှာ တောထွက်တော်မူလေသည်. . . မြို့တံခါး အနီးရောက်သောအခါ မာရ်နတ်မင်းသည် "ကောင်းကင်၌ ရပ်လျှက် ၇ ရက်ကြာလျှင် စကြာရတနာ ဆိုက်ရောက်ပါတော့မည်. . . တောမထွက်ပါနှင့် "ဟု တားဆီးလေသည်. . .

ထိုအခါ ဘုရားအလောင်းက "အိုမာရ်နတ် စကြာရတနာ ဆိုက်ရောက်လာမည့် အကြောင်းကို ငါသိပြီးပင် ဖြစ်သည်. . . . ထိုစကြာရတနာကို ငါအလိုမရှိပါ. . . ဘုရားဖြစ်ပြီး၍ သတ္တ၀ါအများအား ကယ်တင်နိုင်ခြင်းကိုသာ ငါအလိုရှိသည် . . . " ဟုပြန်ပြောပြီး လျှင် မြို့တံခါးစောင့်နတ်သားက အဆင်သင့်ဖွင့်ထားသော တံခါးဖြင့် ထွက်တော်မူလေရာ နတ်ဗြဟ္မာ အပေါင်းခြံရံကာ လွန်စွာကြည်နူးဖွယ်ကောင်းပေသည်. .

MARA. THE EVIL ONE, PERSUADING THE FUTURE BUDDHA TO TURN BACK ON THE POINT OF HIS DEPARTURE FROM THE CITY

Coming away from Yasodhara's chamber, the Future Buddha descended from the palace and rode on the mighty steed, Kanthaka, already saddled and bridled for the journey with Channa holding on by the tail. He issued forth on the Great Renunciation and arrived at midnight at the great gate of the city. At this moment came Mara, the Evil one, with the intention of persuading the Future Buddha to turn back; and standing in the air, he said , " Sir, go not forth! . On the seventh day from now the Wheel Treasure will appear to you. Sir, Turn back!"

The Future Buddha replied as follows: " Mara, I know that the Wheel Treasure was on the point of appearing to me; but I do wish for sovereignty. My sole desire is to become a Buddha and save the world of gods and men". He then departed from the city in great splendor surrounded by higher and lower deities on all sides, the divinity that guarded the city gate having opened it for them.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

တောထွက်ခံနီး ယသော်ဓရာနန်းဆောင်သို့ ကြွ၍ သားတော်ကိုရှုစားပုံ


တောထွက်ခံနီး ယသော်ဓရာနန်းဆောင်သို့ ကြွ၍ သားတော်ကိုရှုစားပုံ။
ဘုရားအလောင်းသည်. . သက်တော် ၂၉ နှစ်ရှိသောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူရာဝယ် ဗြဟ္မာမင်းတို့ ဖန်ဆင်း ပြအပ်သော သူအို သူနာ သူသေ ရဟန်းအားဖြင့် ၄ပါးသော နိမိတ်ကြီးတို့ကို မြင်ရ၍ လောက၌ နေဘို့ရန် ထိတ်လန့် ကြောက်ရွံ့တော်မူရကား ယနေ့ပင် တောသို့မြန်း၍ ရဟန်းပြုမည်ဟု ကြံစည်တော်မူလေသည်. . . ထိုအချိန်မှာပင် သားတော် ဖွားမြင် ကြောင်းကိုလည်း သံတော်ဦးတင်လာလေသည်. .

ထို့နောက် နန်းတော်သို့ ပြန်ကြွ၍ ခေတ္တမျှ စက်တော်ခေါ်ကာ နိုးလာသည့် အခါဝယ် များစွာသော မောင်းမတို့ အိပ်ပျော်နေကြဟန်ကို သုဿန် လို ထင်လာသမြင့် လွန်စွာ ငြီးငွေ့ရကား ယခုပင် တောထွက်အံ့ ဟု ဆုံးဖြတ်တော်မူပြီးလျှင် ဆန္နအမတ်အား ကဏ္ဍက မြင်းတော်ကို ဆက်သဘို့ အမိန့်ပေး၍ တစ်ခါမျှမမြင်ရသေးသော သားတော်ကလေးကို ရှုစားတော်မူရန် ယသော်ဓရာ ဆောင်နန်းသို့ ကြွလှမ်းတော် မူလေသည်. .

Just Before his great renunciation, the future Buuha went to the chamber of princess Yasodhara to see his son

When the future Buddha was 29 years of age he went to the park and saw the Four Signs, namely an old man, a sick man, a dead man and monk, whom the higher gods had fashioned. He was afraid to continue to live a worldly life and his mind turned ardently to retiring from the world, He said to himself. " It behooves me to go forth on the Great Renunciation this very day" . At that very moment he received a message that a son had been born to him.

He then returned to the palace and lying on his couch, fell into a brief slumber. When he awoke he saw the female musicians sleeping round him in disgusting condition. The spectacle seemed like a cemetery, and fill with loathing for his worldly life, he made up his mind to renounce the world at once. He ordered his courtier Channa to saddle his horse Kanthaka. He then walked to the chamber of Yasodhara to look at his son for the first time.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

ဘုရားအလောင်း ယသော်ဓရာနှင့် နန်းသိမ်းပွဲခံပုံ။


ဘုရားအလောင်း ယသော်ဓရာနှင့် နန်းသိမ်းပွဲခံပုံ။
ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော အခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် ဆွေတော် မျိုးတော်မင်းများ ထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးလေသည်. . သမီးရှင် မင်းကြီးများသည်. ဘုရားအလောင်းကို အဆင်းသာလှ၍ ပညာမတတ် ဟု ကဲ့ရဲ့ကာ သမီးရတနာကို မပို့ဘဲ နေကြလေသည်. . . ထိုအကြောင်းကို သုဒ္ဓေါဒနမင်းက သားတော်အား ပြောပြလေရာ ထိုအချိန်မှာ အခက်ဆုံး လေးအတတ်ကို ပြဘို့ရန် ၀န်ခံလိုက်လေသည်. . .

ထိုအခါ နေပြည်တော်တွင် ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေရာ လေးဆရာတို့ကို နန်းတော် မြေပြင်၌ စုရုံးစေကာ လေးဆရာ ၄ ယောက်ကို လေးမျက်နှာထား၍ ဘုရားအလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် ၊ အသင်တို့က ငါ့ကို တပြိုင်နက် ပစ်ကြလော့ ဟု ပြောလေသည်. . . ဆရာ ၄ ယောက်တို့ ပစ်သော မြှားတို့ကိုလည်း မိမိကို မထိအောင် မြှားတစ်စင်းတည်းဖြင့် ကာကွယ်နိုင်လေသည်. . . ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် ယသော်ဓရာ နန်းသိမ်းပွဲ ခံယူလေသည်. .

Wedding Ceremony of Prince Siddhattha

When the future buddha was sixteen years of age, his father King Suddhodana sent official intimation to hi relatives asking them to send their daughters to be married to his son. There arose the following discussing among his relatives, who were Rulers of their own states; "Siddhattha is of handsome appearance but is not well trained in any manly art." They did not , therefore comply with the request of King Suddhodana. The King told his son what his relatives had said about him, when the Prince agreed to show his proficiency as the best bowman of the day.Consequently the most distinguished bowmen of the city were assembled in the place grounds. The future Buddha placed them at four different points and directions round him while he stood in the centre. He then said to them. " you must shoot your arrows at me all at the same time". When the signal to shoot was given, the four archers shot their arrows at him all at once. The Prince defended himself by shooting an arrow which flew like lighting and hit all the four arrows coming in his direction. He thus exhibited his skill, such as none other bowmen could equal. Hi father's relatives then sent their daughters, beautiful maidens,of whom the Prince chose Princess Yasodhara whom he married by celebrating a grand wedding.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Wednesday, March 23, 2011

လုမ္ဗနီဥယာဉ်၌ ဘုရားအလောင်း ဖွားမြင်တော်မူပုံ။



လုမ္ဗနီဥယာဉ်၌ ဘုရားအလောင်း ဖွားမြင်တော်မူပုံ။

ဘုရားအလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်အခါဝယ်၊ မယ်တော်မာယာ သည် ဆွေတော်မျိုးတော်များ၏နေရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်း အားခွင့်တောင်းလေသည်. . သုဒ္ဓေါဒနမင်းသည် ကပိလ၀တ်ပြည်မှ ဒေ၀ဒဟ ပြည်သို့ သွားသောလမ်းတစ်လျှောက်လုံး တန်ဆာဆင်စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေရာ ခရီးအကြား၌ လုမ္ဗနီအင်ကြင်းဥယာဉ်တော်ကို ခေတ္တ၀င်တော်မူ လေသည်. . .
ထိုအချိန်မှာ ဥယာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေပွင့်နေသဖြင့် အလွန်သာယာလှပေသည်. . . မယ်တော်မာယာသည် အင်ကြင်းကိုင်း ကို လက်တော်ဖြင့် လှမ်းလိုက်တုန်းမှာ ၀မ်းတော်လှုပ်လာသောကြောင့် အ၀တ်အကာအရံကို ကာရံစေကာ မတ်တပ်ရပ်လျက်သာလျှင် ဘုရားအလောင်းတော်ကို ဖွားမြင်စေလေသည်. . ထိုအခါ ဗြဟ္မာမင်းများက ရွှေဇာတဘက်ဖြင့် ခံယူ၍ မယ်တော်ရှေ့၌ပြကာ "ဘုန်းတန်ခိုးရှိသော သားရတနာ ဖွားဖြင့်ပါပြီ "ဟု ပြောဆိုကြလေသည်. . .

Birth of the Future Buddha In the Lumbini Grove

Queen Maha-Maya carried the future Buddha in the her womb for ten months; and on the full moon day in May (Vesak) she said to Kind Suddhodana " I wish , O King to go to Devadaha, the city of my family". The king approved and caused the road from Kapilavatthu to Devadaha to be made smooth and adorned, and sent her with a great retinue. Between the two cities there was a pleasure grove of sal trees, called Lumbini Grove .
She entered the grove for a rest. And at this particular time, this grove was one mass of flowers presenting a very preety scene. She went to the foot of a great sal tree and reached out her hand to seize hold of one of its branches. She was at once shaken with the pains of the birth. Thereupon the people hung a curtain about her, and her delivery took place while she was standing up. Athe that monent came four Mahabrahmas (higher gods) with a golden net; and receiving the Furture Buddha with it , they placed him before his mother and said, " Rejoice, O Queen!. A mighty son has been born to thee."


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Wednesday, March 16, 2011

ဆူးမဲ့နှင်းဆီရဲ့ လွမ်းတေးတစ်ပုဒ်


၁။ “စစ်ဒေါင်း (Six down) ၀င်လာပြီဟေ့၊ စစ်ဒေါင်း ၀င်လာပြီ”
ဈေးသည် တစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် ဘူတာ ပလက်ဖောင်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ခရီး ဆက်မယ့်သူ၊ ဧည့်သည်ကြိုမယ့် သူတွေကတော့ မျှော်လင့်ချက် မျက်နှာတို့ဖြင့် အဝေးမှ ရထားကြီးကို စောင့်မျှော် ကြည့်ရှုနေဆဲ။ ပလက်ဖောင်း သမံတလင်း ဖျာလေး တစ်ချပ်ပေါ်တွင် လဲလျောင်းနေသော အေးသီ တစ်ယောက် လူးလဲ၍ ထလိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားသော စောင်ပါးလေးကို အနားတွင် အိပ်မော ကျနေသော သမီးနဲ့သားငယ်တို့ အပေါ် ထပ်မံ၍ လွှမ်းခြုံပေး လိုက်သည်။ ထဘီကို ပြင်၍ ၀တ်ဆင်လိုက်ရင်း အနီးအနား ရေနွေးကြမ်းသည် ကောင်မလေးထံမှ ရေနွေးကြမ်းတစ်ခွက် ယူ၍ သောက်လိုက်၏။

ရေနွေးက သိပ်မပူတော့ချေ။ ဘူတာပလက်ဖောင်း စင်္ကြံမှ နာရီကြီးကို ကြည့်လိုက်တော့ ညတစ်နာရီကျော်။ ပလက်ဖောင်းရဲ့ နံဘေး၊ သံလမ်းပေါ်မှာတော့ ညဉ့်ဦးပိုင်က ရွာချထားသော မိုးရေစက် တွေကြောင့် စိုစွတ်စွတ် ပြောင်ချောချော။ မိနစ် အနည်းငယ် အတွင်း စက်ခေါင်းကြီးရဲ့ စူးရှမီးရောင် တန်းကြီးနဲ့အတူ မီးရထား ကြီးက အရှိန်လျှော့၍ နံပါတ် (၁)ပလက်ဖောင်းထဲသို့ ထိုးဆိုက်လာ၏။

“ကြက်သားဟင်းနဲ့ ထမင်းရမယ်၊ ထမင်းရမယ်”

“မျှစ်ချဉ်ရမယ်၊ မျှစ်ချဉ် ရမယ်”

“လက်ဖက်ရည်၊ စမူဆာ၊ နံပြား”

“ဒံပေါက် စားမလား၊ ရေနွေးကြမ်း ပူပူလေး”

ဈေးသည်များရဲ့ ပြေးလွှား အော်ဟစ်သံ၊ ခရီးသည် များရဲ့ ကတိုက်ကရိုက် ခြေလှမ်းများ။ ဘူတာဆင်း ခရီး သည်များရဲ့ တိုးဝှေ့လှုပ်ရှား အော်ဟစ်ခေါ်သံများက စင်္ကြံ ပလက်ဖောင်းထဲတွင် လွင့်စင်လျက်။ ဒါတွေက အေးသီ အတွက် ညစဉ် မြင်တွေ့နေရသော မရိုးနိုင်တဲ့ မြင်ကွင်းများ။ ခဏနေတော့ ရထားကြီးက ဥသြသံတစ်ချက်ပေး၍ ခရီး ဆုံးသို့ ဆက်လက် ထွက်ခွာ သွားပေပြီ။ ဘူတာလေး လည်း ငြိမ်သက်သွားသလို။

“အစ်မ ဖျာငှားလို့ ရ သေးလား”

စကားသံနှင့်အတူ ခရီး သွားအိတ်တွေ လွယ်ထားကြ သော လူငယ်နှစ်ယောက် အေးသီတာရဲ့ ရှေ့မှာ ရပ်လျက် အနေအထား။
“ရတယ် မောင်လေး။ ဘယ်နှချပ်လဲ”

“တစ်ချပ်တည်းပါ အစ်မ”

သူမ သွက်လက်ဖျတ် လတ်စွာပင် ဖျာတစ်ချပ်ကို ယူ၍ သင့်တော်သော နေရာ တစ်နေရာတွင် ခင်းပေးလိုက်သည်။ ရေဆင်း တက္ကသိုလ် ကျောင်းသားလေးတွေ ဖြစ်လိမ့်မည်။ ပျဉ်းမနားနဲ့ ရေဆင်းက ဆယ့်သုံးမိုင်ခန့် ကွာဝေး၍ ဒီအချိန်ဆိုလျှင် ကားပြေးဆွဲခြင်း မရှိတော့၍ ဘူတာမှာ တစ်ညအိပ်၊ နံနက် မိုးလင်းတော့ ထပြန်ပေါ့။ နောက်ထပ် အသက်ခပ် ကြီးကြီး မိန်းမနှစ်ယောက် ဖျာနှစ်ချပ် လာငှား၏။ တောင်တွင်းကြီး-ကြေးနီ ဘက်သွားမယ့် ပလက်ဖောင်း ဘက်မှာတော့ ခရီးသည်တွေ အစီအရီ အိပ်မောကျလို့။

ရထားက နံနက်မိုးလင်း လောက်မှ ဆိုက်ရောက်မှာလေ။ အေးသီတစ်ယောက် အိပ်မော ကျနေသော ခရီးသည် တွေ အမှောင်ရိပ်အောက် သံလမ်းပေါ်မှ ကြံတင်ကုန်တွဲ နဲ့ သစ်တွဲတွေကို ငေးမော ကြည့်ရှုရင်း စိတ်ထဲမှ ဒီည ဖျာငှားရမ်းခ ငွေများကို တွက်ချက်နေမိ၏။ တောင်တွင်းကြီး-ကြေး နီသွား ပလက်ဖောင်းပေါ်မှာ ရှစ်ချပ်၊ နံပါတ် (၁) ပလက် ဖောင်းပေါ်မှာ ဆယ်ချပ်၊ လက်မှတ်တန်းစီတဲ့ နေရာမှာ ငါးချပ် စုစုပေါင်း နှစ်ဆယ့် သုံးချပ်။ အင်း၊ တစ်ချပ်ကို တစ်ရာဆိုတော့ ဒီညအတွက် မဆိုးပါဘူးလေ၊ သက်ပြင်း တစ်ချက်ကို အသာအယာ ချရင်း အေးသီတစ်ယောက် တည်း တီးတိုးဆိုနေမိ၏။ မိုးသက်ရနံ့ စွက်နေသော လေတို့က ပလက် ဖောင်းထဲသို့ ဝေ့၀ိုက်တိုက် ခတ်သွားသည်။ ဖျာငှားသော အလုပ် လုပ်ရတာကလည်း သိပ်တော့ မလွယ်ကူလှချေ။ အိပ်ရေးအရမ်း ပျက်ရသလို၊ ကိုယ်တိုင်လည်း ဘူတာမှာပင် ကြက်အိပ်၊ ကြက်နိုး အိပ်ရ၏။ နံဘေးမှာ နှစ်ခြိုက်စွာဖြင့် ကွေးကွေးလေး အိပ်မော ကျနေသော သမီးနဲ့ သားကို ကြည့်ရင်း ရင်ထဲမှာ လေးလံ သွားသလို။

သမီးအကြီးမက ရွာကောက် မူလတန်း ကျောင်းလေးမှာ လေးတန်း ကျောင်းသူ၊ အငယ်က ကျောင်းမနေ သေး၍ တော်သေး၏။အကြီးမက ဥာဏ်လည်း ကောင်း၍ စာတော်သည်။ တစ်ဆက်တည်း နံနက်ပိုင်းက သမီးကြီး ပြောသော စကားလေးတွေကို အမှတ်ရ နေမိပြန်သည်။
“အမေ၊ သမီးရဲ့ကျောင်း စိမ်းက ဟောင်းနေပြီ၊ အသစ် တစ်စုံလောက် ၀ယ်ပေးပါ လားဟင်”

တောင်းဆိုမှု ပြုနေ သော သမီးလေးရဲ့ မျှော်လင့်ချက် မျက်ဝန်းကို ကြည့်ရင်း အေးသီရဲ့ စိတ်ကူးထဲမှာတော့ ကျောင်းစိမ်း တစ်စုံပင်မက အများအပြားပင် ၀ယ်ပေးချင် လိုက်တာ။ ဒါပေမယ့် အိမ်စရိတ်၊ မီးဖိုချောင်စရိတ်၊ သာရေး နာရေးနဲ့ အေးသီရဲ့ ဖျာငှားရမ်းခ ၀င်ငွေလေး တစ်ခုကတည်းက လောက်င ရုံပင်။ ဖျတ်ခနဲ ယောက်ျားဖြစ်သူ ကိုအောင်ရဲ့ မျက်နှာကို နာကြည်းစွာဖြင့် ပြေးပြီး မြင်ယောင်မိသည်။ ဒါတွေ အကုန်လုံး ဒင်း အသုံးမကျ လို့ဖြစ်ရတာပင်။ ရခါစက တော့ ဟုတ်တိပတ်တိ ဆိုက်ကားကို ကြိုးစားပမ်းစား နင်း၊ ရသမျှငွေ အေးသီကို အကုန် အပ်ပါရဲ့။

မသောက်မစား ရိုးရိုး သားသား အေးသီတို့ မိသားစု ဘ၀လေး ပျော်ရွှင်စရာ ကောင်းလှပါဘိ။ အငယ်ကောင် မွေး ပြီး သိပ်မကြာလှ။ ကိုအောင် တစ်ယောက် ဗွေဖောက်လာပေါ့။ ညနေပိုင်းလေး ညောင်းကိုက်လို့၊ အရက်လေး အာဆွတ်ရုံ။ နောက်နေ့လည်း နံနက် တစ်စစနဲ့ တစ်နေကုန် အရက်ချည်းပဲ ဖိသောက်၊ ဆိုက်ကားကိုလည်း မှန်မှန် မနင်းတော့ အိမ်က ပါးစပ် ပေါက်တွေကို အေးသီကပင် ပခုံးပြောင်း တာဝန်ယူရတော့ သည်။ ဒင်းက သောက်ပြီး ရင်လည်း အေးအေးမနေချင်။ အေးသီနဲ့ ကလေးတွေကို ရန် လုပ်၊ အပြစ်ရှာ ရိုက်နှက်ချင် သည်။ အဲဒီတော့ ကလေး နှစ်ယောက်ကလည်း အဖေနဲ့ အတူ အိမ်မှာ မနေရဲ၊ အေးသီနဲ့သာ ဘူတာမှာ လိုက်အိပ် ကြ၏။ သူမ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ဘူတာဆိုတာ လူပေါင်းစုံ၊ စရိုက်ပေါင်း စုံလင်တယ်။ သမီးနဲ့ သားလေးကို ဒီဘူတာရဲ့ ကြမ်းရှတဲ့ အရိပ်အငွေ့တွေ မကူးစက်စေချင်ပါဘူး။ အေးလေ၊ အခုချိန်မှာ အေးသီ က ဘာမှမတတ်နိုင်သေးဘူး မဟုတ်လား။ တစ်ခါတစ်ရံ ကျတော့လည်း ဟိုကောင်မ ညိုမတို့ ပြောသလို စိတ် ပေါက်ပေါက်နဲ့ ဘ၀ကို ရေစုန် မျောပစ်လိုက်ချင်ပါရဲ့။

အပေါစား မိတ်ကပ်၊ နှုတ်ခမ်းနီတွေ ထူပျစ်အောင် လိမ်းကျံထားတဲ့ ညိုမက
“အေးသီရယ် နင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာ။ နင်တစ်ညလုံး ဖျာငှား လို့ရ တဲ့ ငွေက ငါတို့ ဖိနပ်တစ်ရန် ဖိုးတောင် မရှိဘူး။ နင့်လို ရုပ် ရည်၊ အရပ်မြင့်မြင့် ခန္ဓာကိုယ် နဲ့ဆို အို”

ညိုမရဲ့ တုတ်ထိုးစကား ကြောင့် အေးသီရဲ့ မျက်နှာ ပြင်ရဲခနဲ။ စိတ်ကသာ ဟို ရောက် ဒီရောက် တွေးမိပေ မယ့် အဲဒီလိုဘ၀ကိုတော့ အေးသီ ဘယ်တော့မှ အရောက်မခံပါ။
“မသာမတွေ နင်တို့ ပြောတဲ့ တစ်ည ဘယ်နှသောင်းဆိုတာလည်း မရရင် နေပါတော့။ ငါ့ရဲ့ကလေးတွေ မျက်နှာငယ်ရမယ့် အလုပ် ငါ ဘယ်တော့မှ မလုပ်ဘူး။ ငါ တို့မျိုးရိုးမှာလည်း အဲဒါမျိုး လုပ်စားတဲ့သူ မရှိဘူး။ ပြီးတော့ အခု ခေတ်စားနေတဲ့ ကုမရ ရောဂါကြီးလည်း မရ ချင်ပေါင်”

ညိုမတို့ကတော့ အေးသီကို စည်းရုံး မရတိုင်း၊ နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ထွက်ထွက် သွားကြပေါ့။ ဘူတာမှာ က လူပေါင်းစုံဆိုတော့ ဖျာငှားစား ရတာက တကယ့်ကို မလွယ်။ တစ်ရက်ကလည်း အသက် ငါးဆယ်ကျော်လောက် လူကြီးတစ်ယောက် လွယ်အိတ်ကြီး လွယ်လို့ အေးသီရဲ့ ရှေ့ကိုရောက်လာ တယ်လေ။ အေးသီလည်း ၀မ်းသာအားရ ဖျာငှားမယ် ထင်တာနဲ့
“ဦးလေး ဖျာငှားမလို့ လားဟင်”

အဲဒီတော့ လူကြီးက ပြီတည်တည်ကြည့်ပြီး
“ဖျာတော့ မငှားချင်ဘူး၊ လူတော့ ငှားချင်တယ်တဲ့”

အေးသီလေ၊ ဒေါသ ထွက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်နေတာပဲ။ ကိုယ့်အဖေ၊ ဦးလေးအရွယ် ကြီးမို့။ ပြီးတော့ အရက်နံ့တွေ လည်း တထောင်းထောင်း ထနေတာမို့ မနည်းသည်းခံ လိုက်ရတယ်။ ဒီလိုစော်ကား ခံရတိုင်းလည်း အိမ်မှာမူးပြီး အိပ်ပျော်နေတဲ့ ကိုအောင်ရဲ့ မျက်နှာကိုသာ ကုတ်ဖဲ့ပစ်ချင် မိတော့တယ်။

တစ်ခါက အဖြစ်အပျက်ကတော့ တော်တော် လေးဆိုးပေါ့။ ဖျာတွေလည်း ငှားပြီး ညနှစ်နာရီလောက် ရှိနေပြီ ဆိုတော့ အေးသီလည်း ပလက်ဖောင်းပေါ်မှာ အိပ်မော ကျသွားပြီလေ။ အဲဒီအချိန် အေးသီရဲ့ ခန္ဓာကိုယ်အောက် ပိုင်းတစ်ခုလုံးကို တစ်စုံ တစ်ယောက်က ပွတ်သပ်ရှပ် တိုက်နေသလား အိပ်မက်လို ၀ိုးတ၀ါး။ ပထမ သမီးကြီး များ လာရောက် ဖက်တွယ်တာလားဟု ထင်မှတ်နေမိ ၏။

နောက်ထပ် ပွတ်သပ်မှုတွေ များပြား ကြမ်းရှလာတော့ အေးသီ လန့်နိုးလာခဲ့ သည်။ အဲဒီအချိန် ထဘီကလည်း ပြေလျော့ပြီး ပေါင် လယ်လောက်အထိ လန်နေ ၏။သူမရဲ့ နံဘေးမှာ လူငယ် တစ်ယောက်၊ ရမ္မက်ခိုးတွေ ဝေ့သီနေသော မျက်နှာဖြင့်
“ဖျာငှားလို့ ရမလား ဟင်”

အေးသီဘာမှ မပြောမဆိုဘဲ အဲဒီလူငယ်ရဲ့ မျက်နှာကို ခြေထောက်နဲ့ အားပါး တရ ပိတ်ကန်၊ လူငယ်အနောက်သို့ လန်ကျသွားခိုက် ကားရား တက်ခွပြီး မျက်နှာကို နောက်ထပ် ဘယ်ပြန် ညာပြန် ရိုက် လိုက်တာ အကြိမ်မရေတွက်မိ။
လူတွေ ၀ိုင်းအုံလာတော့ မှ အနီးမှာ ရှိနေတဲ့ မီးရထား ရဲတပ်ဖွဲ့စခန်းကို အပ်နှံလိုက် သည်။ အေးသီဟာ ဖျာငှား စားပေမယ့် ငြိမ်ခံ နေတတ်တဲ့ အပေါစား မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ လူငယ် နောက်ကျမှ သိခွင့် ရသွားခဲ့ သည်။ အေးသီရဲ့ အတွေးစ တွေက တစ်ထောင့်တစ်ည ပုံပြင်လို ဟိုရောက် ဒီရောက်။ ဘူတာရဲ့ အပြင်ဘက်တွင် မိုးစက်လေးတွေ မစို့မပို့ ကျဆင်းနေလေ၏။ မကြာမီ အချိန်အတွင်း အစုန်ရထား ကြီးတစ်စီး ၀င်လာပေတော့ မည်။ အေးသီလည်း အိပ်၍ မပျော်တော့ချေ။

၂။
အစုန်ရထားကြီးက တရှူးရှူး တရှဲရှဲ အော်မြည်၍ နံပါတ်တစ် ပလက်ဖောင်းသို့ ၀င်ရောက်လာသည်။ အေးသီရဲ့ ရှေ့မှာ ရထားတွဲ တွေက ရိပ်ခနဲ ရိပ်ခနဲ ရထား ကြီးရဲ့ စက်ရှိန်ရပ်တန့်သွား ၏။ ထုံးစံအတိုင်း ဘူတာ ပလက်ဖောင်းရဲ့ ညစဉ် မရိုး နိုင်သော သံစဉ် လှုပ်ရှားမှု ဟန်ပန်များက ပိတ်ကားပြင် ထက်မှ အရုပ်လေးတွေသဖွယ်။ အေးသီကတော့ သူမရဲ့ရှေ့မှ လွန်းထိုး လှုပ်ရှားနေကြသော လူများကို အဓိပ္ပာယ်မဲ့ ငေး မောကြည့်နေမိသည်။ ထိုစဉ် သူမရဲ့ အရှေ့မှ မိန်းမ၀၀ ကြီးတစ်ယောက်အရေးတကြီး အမူအရာဖြင့် တွဲ(၂)သို့ လျှောက်လှမ်းသွား၏။ တွဲ(၂) တွင် ခရီးသည် အတက် အဆင်းတွေက ရှုပ်ယှက်ခတ် လို့။
တွဲ(၂) သို့ တက်သော တံခါးမနားသို့အရောက် မိန်းမ ၀၀ကြီးက လက်မှကိုင်တွယ် ထားသည့် တစ်ထွာကျော်ကျော် ပိုက်ဆံသားရေအိတ် လေးကို ပခုံးတွင် လွယ်ထားသော အ၀တ်အစားအိတ်ရဲ့ နံဘေးအိတ်လေးထဲ ထိုးထည့် ပြီး ရထားပေါ်သို့ အတင်း တိုးဝှေ့တက်လိုက်၏။

မထင်မှတ်သော အဖြစ်အပျက်နဲ့ မြင်ကွင်း။ လူတွေ တိုးအဝှေ့ မိန်းမကြီး ထိုးထည့် လိုက်သော အိတ်က မသပ် မရပ်နှင့် စင်္ကြံပလက်ဖောင်း တစ်နေရာသို့ လျှောခနဲ ကျဆင်းသွားလေ၏။ အဲဒီ မြင်ကွင်းကို ပလက်ဖောင်း ပေါ်ထိုင်နေသော အေးသီ တစ်ယောက်မှ လွဲ၍ မည်သူမှ မမြင်လိုက်။ ကာယကံရှင် မိန်းမကြီးကတော့ သိဟန်ပင် မတူချေ။ သူမရဲ့ ရင်ထဲမှာ လှိုက်ဖိုခနဲ။ လှုံ့ဆော်မှု တစ်ခု ကြောင့် ရုတ်တရက် ခြေလှမ်း ကျဲကြီးများဖြင့် တွဲ (၂) နား သို့ ရောက်သွားသည်။ လူတွေ ရှုပ်ထွေးနေစဉ် အချိန် အတွင်း ပိုက်ဆံအိတ်နား ဖျတ်ခနဲ ထိုင်ချလိုက်ကာ အမြန်ကောက်ယူ၍ နောက် ကြောင်း ပြန်လှည့်၏။
ဘုရား ဘုရား ဘယ်သူ မှ မမြင်လိုက်ပါလား။ စိတ် တွေ မငြိမ်မသက်။ ရထား ထွက်တော့မည်။ အေးသီတစ် ယောက် သူမရဲ့ နေရာလေး မှာထိုင်၍ တုန်ရီနေသော လက်တွေဖြင့် ပိုက်ဆံအိတ်ကို သူများတွေ မမြင်အောင် ဖွင့် ကြည့်လိုက်၏။ မျက်လုံးတွေ ပြာဝေသွားသလို ရင်တွေ လည်း တဒိန်းဒိန်းခုန်သွား သည်။

တစ်ထောင်တန်ငွေ စက္ကူ အသစ်တွေ အထပ် လိုက်၊ အထပ်လိုက်။ သူမရဲ့ ဘ၀ တစ်သက်တာမှာ ဒီလောက် များပြားသော ငွေ တွေကို တစ်ကြိမ်တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးချေ။ အာခေါင်တွေ ခြောက်သွေ့လာ၏။ လက်တွေက လည်း တုန်ယင်နေဆဲ။ ဒီငွေ တွေနဲ့ဆို ငါအိမ်ဆိုင်လေး ဖွင့် ပြီး ဈေးရောင်းစားလို့ရပြီ။ ဘူတာမှာ အအိပ်ပျက် ပင်ပန်းခံ လူအထင်သေးစရာ မလိုတော့ဘူး။ ပြီးတော့ သမီး လေးအတွက် ကျောင်းစိမ်း ၀တ်စုံတွေ အများကြီး ၀ယ် ပေးလို့ရပြီ။
အို ၀မ်းသာလိုက်တာ။

အေးသီရဲ့ မျက်ဝန်းထဲ မှာ ကျေနပ်ပီတိ အရိပ်။ ထိုမှ တစ်ဆင့်၊ အို မဟုတ်သေးပါ ဘူး။ ဒီငွေတွေဟာ ဟိုမိန်းမ ၀၀ကြီးရဲ့ ငွေတွေ။ ငါပိုင်ဆိုင်တာမှ မဟုတ်တာ။ ဒါဟာ မရိုးသားတဲ့လုပ်ရပ်။ ငါ့ဘ၀ မှာ ကိုယ်ကျင့်တရားနဲ့ ပတ် သက်ပြီး ခုချိန်ထိ ဘာအစွန်း အထေးမှ မရှိခဲ့ဘူး။ မဖြစ် ဘူး ငါပြန်ပေးရမယ်။
ရထားစက်ခေါင်းမှ ဥသြသံ ပေါ်ထွက်လာ၏။ ရထားဘီး စတင်လှိမ့်တော့ မည်။ အို ငါနဲ့ ထိုက်လို့ ငါရ တာပဲ။ ရထားလည်း ထွက်တော့မယ်။ မပေးဘဲနေရင် ရော ဘယ်သူမှ မသိတာ။

အင်း၊ မိန်းမကြီး သနား စရာ။ အတွေးစတွေက ဒွန် တွဲလျက်။ ရထားကြီး စတင် ထွက်ပေပြီ။ မိန်းမ၀၀ကြီးရဲ့ ပျာယာခတ်သော အမူအရာ ကို အေးသီမြင်ယောင်လာ၏။ ရုတ်တရက် အေးသီထရပ်၍ ဆုံးဖြတ်ချက်တစ်ခုကို ပီပြင် စွာ ချလိုက်သည်။ ထွက်စပြု နေသော ရထားကြီးနဲ့အတူ ယှဉ်လျက် ပြေးနေသူက အေးသီ။ လက်မှာက ကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထား သော ပိုက်ဆံအိတ်။ ရထား ကြီးက တဖြည်းဖြည်း မြန် လာသလို အေးသီရဲ့ခြေလှမ်း တွေလည်း ပို၍မြန်လာသည်။ တွဲသုံး၊ ပြီးတော့ တွဲ(၂)။ ရောက်ပြီ။

ရထားနဲ့အပြိုင် ပြေး လည်းပြေး အေးသီရဲ့ မျက် ၀န်းတွေထဲက တွဲထဲမှ မိန်းမ ၀၀ကြီးထံ ဝေ့၀ိုက်ရှာဖွေ မောပန်း။
ဟော၊ တွေ့ပြီ။ ပြတင်း ပေါက်တစ်ခုနားမှာ ထိုင်နေ တဲ့ မိန်းမ၀၀ကြီး။ အေးသီ မောဟိုက်တုန်ယင်စွာဖြင့်
“အဒေါ်ကြီး အဒေါ် ကြီး၊ ဒီမှာ အဒေါ်ကြီး ကျကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ကျွန်မ လိုက်ပြီးပေးတာ”

ရထားကြီးက ပိုမြန်လာ၏။ မိန်းမကြီးက အေးသီ လှမ်း၍ပေးသော ပိုက်ဆံအိတ်ကို အံ့သြ၀မ်းသာ ကျေးဇူး တင်မှုတို့ ရောပြွမ်းနေသော မျက်နှာဖြင့် တုံ့ပြန်ပြီး လှမ်း၍ ယူလိုက်၏။ တွဲထဲမှ ခရီးသည်တွေ ကလည်း အေးသီကို ထူးဆန်း စွာဖြင့် ကြည့်ရှုနေဆဲ။ သူမရဲ့ ရင်ထဲမှာ အခုမှ တစ်စုံတစ်ခု အတွက် ကျေနပ်သွားသလို ပီတိ လေးတစ်ခု ဖြစ်ပေါ်သွား၏။

ရထားနဲ့အပြိုင် မောင်း တင်လာခဲ့သော အေးသီရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်၍ မရဘဲ အရှိန်လျှော့ ဆက်ပြေး နေရသေး၏။ ထိုစဉ် အရှေ့မှ တစ်ပေပတ်လည်ခန့် ရေကွက်အိုင်လေး ထဲသို့ သူမရဲ့ ညာခြေတစ် ဖက်က ကျရောက်သွားလေ ၏။ အေးသီတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်ဟန်ချက် ကို ထိန်းသိမ်းနိုင်စွမ်းမရှိ တော့ချေ။ ခန္ဓာကိုယ်တစ် ခြမ်းက အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်နေသော ရထားတွဲ ကြီးဘက်သို့ ယိမ်းထိုးကျ သွားသည်။
“ဒုန်း”ခနဲ မြည်သံကြီးနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲသို့ လွင့်စင်မြောက် တတ်သွားပြီး ဘူတာပလက် ဖောင်းပေါ်သို့ အရုပ်လေးတစ် ရုပ်လို ခွေခေါက်ကျဆင်း သွား၏။

အဖြစ်အပျက်က စက္ကန့် ပိုင်းလေးပင်။ အော်ဟစ် ဆူညံ ပြေးလွှားသံတွေက အဆက်မပြတ်။ ဦးခေါင်းတွေ မူးနောက် ရီဝေနာကျင်လာ၏။
သူမရဲ့ အသိတရား၊ အတွေးစထဲမှာတော့ လက်မှတ်ရောင်းစင် ရှေ့မှ ဖျာငါးချပ်၊ ကိုအောင်ရဲ့ မူးယစ်ရန် လိုခက်ထန်သော မျက်နှာပြင် ကြီး၊ မိန်းမ၀၀ကြီးရဲ့ ကျေးဇူးတင် အံ့သြအကြည့်၊ သမီးလေး အတွက် ကျောင်းစိမ်း ၀တ်စုံလှလှလေး၊ ခန္ဓာကိုယ် အောက်ပိုင်းကို လာရောက် ပွတ်သပ်နေသော လက်ဝါး ပြင်ကြမ်းကြမ်းကြီး၊ ညိုမတို့ ရဲ့ ဆေးဆိုးပန်းရိုက် ရနံ့မဲ့ မျက်နှာ၊ တစ်ထောင်တန် ငွေစက္ကူစများ ဟိုတစ်စ ဒီတစ်စ၊ နောက်ဆုံး စူးရှ တောက်ပြောင်သော အလင်းတန်းကြီး တစ်ခု အတွေးစထဲသို့။ ရထားကြီး ကတော့ အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ ခုတ်မောင်းသွား နေဆဲ။

written by နေမင်းဟိန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ပုံ



ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ပုံ

ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကို လှူ၍ ဥပုသ်စောင့်သုံးပြီးလျှင် အသရေရှိသော တိုက်ခန်းသို့ ၀င်၍ သလွန်တော်၌ လျောင်းစက် အိပ်ပျော်စဉ် ထူးဆန်းသော အိပ်မကိကို မြင်သည်မှာ နတ်မင်းကြီး ၄ ပါးတို့သည် ဟိမ၀န္တာ၌ရှိသော ဆေး ဒန်း မြင်းသိလာ ကျောက်ဖျာ အပြင်သို့  သလွန်တော်နှင့် တကွဆောင်ယူ၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်. . .
ထို့နောက် နတ်မိဖုရားတို့က အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးပေးပြီးလျှင် နတ်အ၀တ်များကို ဆင်ယင်စေပြီးမှ ငွေတောင်အတွင်ဿး၌ရှိသော ရွှေဗိမာန်သို့ သွင်း၍ အိပ်ရာ၌ အိပ်စေကြလေသည်။ ထိုအခါ ဘုရားအလောင်းသည် ဆင်ဖြူတော်ဖြစ်၍ သူ၏နေရာရွှေတောင်ပေါ်မှ သက်ဆင်းကာ ငွေတောင်သို့လာပြီးလျှင် ရွှေဗိမာန်သို့ ၀င်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ ၀င်သကဲ့သို့ မြင်မက်လေသည်.

4. THE DREAM OF MAHA-MAYA WHEN SHE CONCEIVED THE FUTURE BUDDHA

Just one full moon day in the month of Wazo(July) Queen Maha-Maya rose early and dispensed huge sums of money in great charity. She then took the eight precepts and entered her elegantly furnished chamber of state. And lying down on the royal couch, she fell asleep and dreamed the following strange dream:-
The four guardian angels came and lifted her up, together with hear couch and took away to the Himalaya Mountains. There, in the Manosila table-land they laid her upon a huge slab of sulfurousl rock under a very bigh sal tree. Then came the wives of these guardian angles, and conducted her to Anotatta Lake, and bathed her to remve every human stain. And after clothing her with diving garments they took her into a goldern mansion which was inside a Silver Hill. There they laid her down upon a diving couch. Now the Furture Buddha had become a superb white elephant and was wandering about at no great distance on the Golden Hill. Descending thence, he ascended the Silver Hill and went into the golden mansion. And splitting her on her right side, he entered her womb. Thus the comcption took place.


ဗုဒ္ဒ္စဘာသာကလျာဏယုဝအသင်း
မှထုတ်ဝေသော ရုပ်စုံဗုဒ္ဒ္စသာသနာဝင်
မှ ကူးယူဖော်ပြပါသည်။ (ရေးသားသူ အဂ္ဂမဟာဏိတ အရှင်ဇနကာဘိဝံသ)


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Thursday, February 24, 2011

သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။


သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။


ဘုရားအလောင်းသည် ဘုရားဖြစ်ဖို့ရန်ဆုတောင်းမည့် ဘ၀၌၊ သုမေဓါ ဟူသော အမည်အားဖြင့် ထင်ရှားသော သူဌေးသား ဖြစ်ခဲ့ဖူးလေသည်။ သူ၏ အမိအဘတို့သည် သူ ငယ်ရွယ်စဉ်ကပင် သေဆုံးကြလေသည်။ ရွှေတိုက်ငွေတိုက်စသော ပစ္စည်းဥစ္စာ ရတနာ တိုက်ကြီင်္းတွေများစွာ ကျန်ရစ်၏။ တစ်ဆယ့်ခြောက်နှစ်ပြည့်၍ ပညာတတ်ပြီးသောအခါ ပစ္စည်းထိန်းမင်းကြီးက ပစ္စည်းအားလုံးကို သူ့အားလွဲအပ်လေသည်။

သုမေဓါ သူဌေးသားလေး စဉ်းစားသည်မှာ ၊ ငါ ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား၊ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင်ယူသွားမည်။ ထိုသို့ စဉ်းစားပြီးလျှင် ရတနာသိုက်တို့ကို ဖွင့်၍ အလိုရှိသူယူရစ်ကြလော့ ဟု ကြွေးကြော်ကာ ဟိမ၀န္တာတောသို့ ထွက်ခွါ၍ ရသေ့ရဟန်း ပြုလုပ်သွားလေသည်။

1. SUMEDHA, A YOUNG MILLIONAIRE GIVEN AWAY HIS PROPERTY IN CHARITY.

The Future, Buddha was once born as the son of a rich man and was known as Sumedha in the very existence in which he was to make a solemn wish that he should become the Enlightened Buddha. His parents died while he was still young, leaving him many treasure vaults of gold and silver. When he was sixteen years of age and had finished his education, the Lord of the Treasury made over to him all the property left by his parents.

Sumedha the young millionaire thought to himself thus: My parents and grandparents knew only how to amass wealth but did not know to talke it away beyond death. I shall now give away my property in alms so that the merit of the deeds may follow me after death. He made a public announcement; Whoever cares to take away my property may open my treasuries and help himself to his heart's content. He than left for the Himalaya forests and became a hermit.


ဗုဒ္ဒ္စဘာသာကလျာဏယုဝအသင်း
မှထုတ်ဝေသော ရုပ်စုံဗုဒ္ဒ္စသာသနာဝင်
မှ ကူးယူဖော်ပြပါသည်။ (ရေးသားသူ အဂ္ဂမဟာဏိတ အရှင်ဇနကာဘိဝံသ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Monday, February 14, 2011

valentine's day



မချစ်မမုန်း အကောင်းဆုံး

ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊
မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။




အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း


Friday, February 11, 2011

အချစ်ကန့်လန့်ကာ ခြားလေသော်

“ပဲပြုတ်လေ မြေတောင်ပဲပြုတ် နိုင်လွန်ပဲပြုတ် ထောပတ်ပဲပြုတ်” ဒီနေ့ မနက် ပဲပြုတ်သည် မမြိုင် ဈေးအလွန် ရောင်းကောင်းသည်။ ခါတိုင်းဆို ပဲ ၂ ပြည် ၄ လုံးကို နေ့ဝက်ကျိုးအောင် အထိ ရောင်းရသည်။ မင်္ဂလာ ရပ်ကွက်တွင် သာမက အနီး အနားက ရတနာစု၊ ဥယျာဉ်တန်း ရပ်ကွက်တွေ အထိ လှည့်ရောင်းရသည်။ အခုတော့ ကိုယ့်ရပ်ကွက် လေးမှာတင် ဟိုကလည်း “မမြိုင် လာပါဦး” ဒီကလည်း “မမြိုင် လာပါဦးနဲ့ ပဲပြုတ်လေး ၅၀၊ ၁၀၀ ဖိုးလောက်ပဲ ၀ယ်ပြီး သတင်း မေးကြသည်လေ။ “ဟို ကိုသောင်းအေး သတင်းက ဟုတ်ရဲ့လား” လို့ တစ်မျိုး “ညည်းယောင်္ကျား ညက အိမ်ပြန် အိပ်ရဲ့လား” လို့ တစ်ဖုံ “ကိုသောင်းအေး အိမ်မှာရှိလား။ မိလုံးတော့ အလုပ်က ပြန်မလာလို့ သူ့အဒေါ် လိုက်ရှာနေတယ်”လို့ တစ်သွယ် လှည့်ပတ်ပြီး မေးကြသည်။ စပ်စုကြသည်။ ဘယ်လိုမေးမေး ကိုသောင်းအေး မယားငယ် ယူသွားသည့် အကြောင်း သိချင်ကြလို့ မေးမှန်း မမြိုင် သိသည်။ မမြိုင်ကလည်း ကိုသောင်းအေး ကျောက်ကားက ကိုမောင်အေး ရောက်လာပြီး...

“မမြိုင်၊ ကိုသောင်းအေး မှာလိုက်တယ်။ သူ့ကို မျှော်မနေနဲ့တဲ့။ မလုံးကို ခိုးသွားပြီလို့ မှာလိုက်တယ်”လို့ ပြောကတည်းက တစ်ယောက် ယောက်ကို ပြောချင်နေ သည်။ ခဲအိုဖြစ်သူ ကိုဖိုးထောင်ကလည်း အိမ်ပြန် မလာသေး။ အိမ်နီးချင်း မိန်းမ တွေကလည်း ဗီဒီယိုပြသည့် လက်ဖက်ရည်ဆိုင်မှာ မိသားစုလိုက် ရောက်နေကြပြီ။ ည ၁၀ နာရီကျော် ဆိုင်သိမ်းမှ ပြန်လာကြမည်။ လိုက်ပြောလို့လည်း မဖြစ်။ မနက်စောစောကလည်း ကိုယ်က ပဲပြုတ်တည်၊ သူတို့က ထမင်းချက်။ နံနက်လင်းတော့ သူတို့က အလုပ်သွား။ ကိုယ်က ပဲပြုတ်ရောင်း။ ကိုဖိုးထောင်ကတော့ အိပ်တုန်း။ ဒီတော့ မေးသူရှိတိုင်း ပြောချင် နေမိသည်။

“ကိုသောင်းအေး မယားငယ် ယူသွားပြီတော့”

“ဟယ် ဟုတ်လား။ ငါ တို့က သိနေတာ ကြာပြီ၊ မိလုံးမှ ဟုတ်ရဲ့လား”

“အစစ်ပါ”

“ညည်းက ကိုယ့် ယောက်ျား အခြေအနေ အကဲ မခတ်ဘူးလား”

“အောင်မယ် ကျုပ်များ အအမှတ်လို့၊ ကိုဖိုးထောင် ပြောတော့ ကျုပ်က ရေးတေးတေး သိနေပြီ။ ဒါပေမယ့် ဘာမှ မပြောသေးဘူး။ ကိုသက်ရှည် နာရေး အိမ်မှာကျ ကိုသောင်းအေးနဲ့ မလုံး ဒူးတင်ပေါင်တင်၊ ထိပ်ပုတ် ခေါင်းပုတ် ဖဲရိုက်နေတာ တွေ့တော့ ကျုပ်က မသင်္ကာတော့ဘူး။ ဒါလည်း ကျုပ်က ဘာမှ မပြောသေးဘူး၊ မသင်္ကာတော့ ဖြစ်လာပြီ။ ဟိုနေ့ကလည်း ကျုပ်နဲ့ကိုသောင်းအေး လက်ဖက်ရည်ဆိုင်မှာ ဗီဒီယို သွားကြည့်တော့ လမ်းမှာ မလုံးနဲ့ တွေ့တယ်။ အောင်မယ် ကျုပ်ရှေ့မှာ ဒင်းက အစ်ကိုသောင်း မုန့်ဖိုးပေး ဆိုပြီး အိတ်ကပ်ထဲ အတင်း ဇွတ်နှိုက်တာ။ ကျုပ်က မျက်စောင်း ထိုးပစ်လိုက်တယ်။ မပြော သေးဘူး”

မမြိုင် စကားကြောင့် မေးမိသည့် သူတွေ သနား ရတော့မလို၊ ရယ်ရတော့မလို ဖြစ်သွားသည်။ စိတ်လည်း မရှည် ချင်ကြတော့ပေ။
“ကဲ မမြိုင် ညည်းက မပြောသေးတာနဲ့၊ အကဲ ခတ်တာနဲ့ ပါသွားပြီ မဟုတ်လား” လို့ ကရုဏာ ဒေါသော ပြောကြသည်။
“ဒါတော့တော် ကျုပ် ကွယ်ရာမှာ ဆိုတော့ ဘာတတ် နိုင်မှာလဲ။ ကျုပ်ရှေ့မှာ ဆိုရင် မလုံးဆိုတဲ့ ကောင်မကို ပါးရှစ် စိတ်ကွဲအောင်ထိ ရိုက်ပစ်မှာပေါ့။ မမြိုင်တဲ့ တစ်မြိုင်တည်း ရှိတာ” မမြိုင်ကတော့ မေးသူ ရှိတိုင်း အားရပါးရ ဒီစကားပဲ ပြောနေတော့သည်။

မမြိုင်ယောက်ျား ကိုသောင်းအေးက ကျောက် ကားမောင်းသည်။ ကိုသောင်းအေးအစ်ကို ကိုဖိုးထောင်က မင်္ဂလာ ရပ်ကွက်ကို အရင်ရောက်သည်။ မြင်းခြံနယ်က မိဘတွေဆုံး တော့ ညီအစ်ကို နှစ်ယောက် အမွေခွဲပြီး ကိုဖိုးထောင်က မန္တလေး တက်လာသည်။ ကိုသောင်းအေးကတော့ မိုးကုတ် ကျောက်တွင်းတွေဘက် ရောက်သွားသည်။ အိမ်ထောင် ကျလိုက်သေးသည်။ အိမ်ထောင်ကွဲပြီး အစ်ကိုဆီ ရောက်လာသည်။

ကိုဖိုးထောင်က မြို့ ရောက်တော့ မြေတူး၊ကျောက် ကားလိုက်သေးသည်။ လူက နုနုဆိုတော့ အလုပ်က သိပ် မလုပ်နိုင်။ ရိုးရိုးအအ ဆိုတော့ ကောင်မလေးတွေက ညာပြီး မုန့်ဖိုးတောင်းလိုက်၊ မုန့်ဝယ် ကျွေးခိုင်းလိုက်နဲ့ ဆိုတော့ လုပ်ခရှင်းရင် လက်ထဲ တစ်ပြားမှ မကျန်ပေ။ မန္တလေးမှာ ရောက်နေသည့် ရွာဆွေရွာမျိုးတွေက “ဖိုးထောင် နင့်ရှိသမျှ ပိုက်ဆံတွေကို ကောင်မလေးတွေက ချူ၊ ဟိုလူကချေး၊ ဒီလူက တောင်းနဲ့ ကုန်တော့မှာပဲ မြေလေးနဲ့ အိမ်လေးဝယ်”ဆိုပြီး ချောင်ကျကျနေရာမှာ ၁၅ ပေ၊ ပေ ၂၀ မြေလေးရှာဝယ် ပေးကြသည်။ ၂ ခန်းယောင် ၁ ခန်းကျယ် ပတ်လည် ဒူး တုပ်အိမ်လေး ဆောက်ပေးကြသည်။ ထရံကာ၊ ကပ်မိုး၊ ၀ါးခြမ်းခင်း ဖြစ်သည်။

နောက်ပါသည့် ငွေနဲ့ ဆိုက်ကားတစ်စီးဝယ်ခိုင်းပြီး ဆိုက်ကား နင်းစေကြသည်။ ကိုဖိုးထောင်က လူပျိုကြီး ရိုးရိုးအအ အသောက် အစားမရှိ။ အလုပ်လည်း ကြိုးစားသည်။ ဒါကြောင့် သူငယ် ချင်းတစ်ယောက်က...
“ဖိုးထောင် ငါ့တူမ သဘောကျလား”လို့ ရေလာ မြောင်းပေးစကား ပြောတော့
“မကြိုက်ပါဘူးဗျာ။ အသားကမည်း၊ သွားကခေါ နဲ့ ရည်းစားလည်းရှိသေး၊ အစားလည်းပုပ်သေး၊ ဗီဒီယိုလည်း ကြိုက်သေး”လို့ ပြောနေလို့ စကား မဆုံးခင်

“ဟေ့ကောင် ဖိုးထောင် တော်တော့ မင်းကို ငါ့တူမ ကြိုက်လားမေးတာ၊ ငါ့တူမ အပြစ်တွေ ပြောခိုင်းတာ မဟုတ်ဘူး။ ဟား ဟား ဟား မိန်းမ တစ်ယောက်ကို အပြစ်တွေပဲ မြင်နေမှတော့ ဒီတစ်သက် မင်းမိန်းမ ရတော့မှာ မဟုတ်ဘူး”လို့ပြောကာ မှတ်ချက်ချဖူးသည်။

တကယ်တော့ ကိုဖိုး ထောင်မှာ အချစ်ရှိသည်။ ပဲပြုတ်သည် မမြိုင်ကို ကြိုက်နေသည်။ မမြိုင်ကလည်း အပျိုကြီး၊ အသားမည်းမည်း၊ ပိန်ပိန်ရှည်ရှည်ပါပဲ။ ဒါပေ မယ့် မမြိုင် အသံလေးကို ကြိုက်နေသည်။
“ပဲပြုတ်သည်လေ”

လေအေးအေး ဆွဲဆွဲ ငင် ငင်အသံလေး ကြားရင် အိပ်ရာက လန့်နိုးသည်။ မျက်နှာ သစ်ဖို့ရာ သတိမရသေး။ ပန်းကန်လေး ဆွဲပြီး ၀င်း ပေါက်ထွက်ရပ်နေသည်။ မမြိုင်ရောက်လာလျှင် ပဲပြုတ် ၀ယ်သည်။
“တော့ဟာက နေ့တိုင်း ငါးဆယ်ဖိုးလား”

မမြိုင်ကမေးတော့
“ဒါ ဒါဆို တစ်ရာဖိုးဗျာ”လို့ပြောပြီး ၀ယ်သည်။

“တော်က ပဲကြိုက်သားပဲ”

မမြိုင်ကပြောတော့ ကိုဖိုးထောင် ခေါင်းကြီးငုံ့နေ သည်။ တကယ်တော့ ကိုဖိုးထောင်က တောသားပေမယ့် ပဲ မကြိုက်။ ဘုရားကိုပဲနဲ့ ဆွမ်းတော်တင်ပြီး
“တပည့်တော်ကို ပဲသည်မ ကြိုက်ပါစေဘုရား”လို့ ကြိတ်ပြီး ဆုတောင်းရသည်မှာ နိစ္စဓူဝဖြစ်သည်။

ကိုဖိုးထောင် မမြိုင်ကို လက်ထပ်ခွင့် တောင်းဖို့ သူငယ်ချင်းတွေကို အကူ အညီတောင်းရန် ဆုံးဖြတ် လိုက်သည်။ ထိုအချိန်တွင် ညီဖြစ်သူ ကိုသောင်းအေး ရောက်လာသည်။ မိန်းမနဲ့ ကွဲလာသည်။ စီးပွားရေး ပျက်လာသည်။ ငှက်ဖျားလည်း မိလာသည်။ ဆေးကုပေးရသည်။ အဖျား ပျောက်တော့ ကျောက်ကား လိုက်သည်။ ကိုသောင်းအေးကပဲ ကြိုက်သည်။

“ပဲက ပူပူနွေးနွေးလေး ဆိုတော့ ထမင်းပူပူနဲ့များ ဆီ ဆမ်းစားရရင် နတ်သုဓာနဲ့ ဘယ်လဲနိုင်မလဲ၊ ဟဲဟဲဟဲ”

“တော်က နတ်သုဓာ စားဖူးလို့လား” မမြိုင်က အံ့သြစွာမေးသည်။
“ဟဲ ဟဲ အလှူတွေမှာ ကျွေးတဲ့ နတ်သုဓာ စားဖူးတာပေါ့”

ပဲဝယ်တိုင်း ၀င်းပေါက် ရှေ့အထိ ကိုသောင်းအေးလည်း လိုက်လာပြီး မမြိုင်ကို စကား ပြောတတ်သည်။ ကိုသောင်း အေးက ကိုဖိုးထောင်လို မဟုတ်။ မိန်းမတွေ အထာသိသည်။ ကျတတ်သည့် စကား ပြောတတ်သည်။ ဒီတော့ ကိုသောင်းအေးနဲ့ မမြိုင်က ရင်းနှီးသွားသည်။ မကြာပါဘူး၊ ကိုသောင်းအေးနဲ့ မမြိုင် ရသွားသည်။ ကိုဖိုးထောင်မှာ ရင်ကွဲရပေမယ့် ညီအတွက် မိန်းမ သွားတောင်း ပေးရသည်။

မမြိုင်က တောက။ ဦးလေး မိသားစုနဲ့ လာနေသည်။ ရွာက အမေအိုကြီးကို လှမ်းထောက်နေရသည်။ ကိုသောင်းအေးနဲ့ မမြိုင်ကို ဘုန်းကြီး ၃ ပါးဆွမ်းကပ်ပြီး လူကြီး ၄၊ ၅ ဦး ဖိတ်ကာ မင်္ဂလာ ဆွမ်းကျွေးနဲ့ မင်္ဂလာ ပြုလိုက်သည်။ မမြိုင်က ကိုသောင်းအေးနောက် လိုက်လာသည်။ ဒီတော့အိမ်ကို အလယ်က ကြိုးတန်းပြီး စောင်ကာကာ အနောက်ခန်းကို မင်္ဂလာခန်း အဖြစ် လုပ်ပေးလိုက်ရသည်။

“ခွေးမြီးကောက် ကျည်တောက်စွပ်”ဆိုသလို အသောက်အစား၊ အပျော် အပါးမက်သော ကိုသောင်းအေး တစ်ယောက် စီးပွားရေးလေး အဆင်ပြေလာတော့ သောက်စားလာသည်။ လောင်းကစား လာသည်။ ရသည့်ဝင်ငွေ မိန်းမကို ပုံမှန် မအပ်တော့ပေ။ မမြိုင်ကလည်း ကိုသောင်းအေးက ငွေအပ်လျှင် ယူလိုက်သည်။ တောင်းလျှင် ပေးလိုက် သည်။ တစ်ပတ်တစ်ပတ် အပ်သည့်ငွေထက် တောင်း သည့်ငွေက ပိုများသေးသည်။

ရပ်ကွက်ထဲတွင် နာရေး ရှိလျှင် ဖဲရိုက်ရန် အတွက် သူက အပ်အပ်၊ မအပ်အပ် ငွေတောင်းတတ်သည်။ မမြိုင် ကလည်း သူ့လက်ထဲရှိ သလောက် ထုတ်ပေးသည်၊ မရှိလျှင် ထုတ်မပေးနိုင်သည့် အခါ စကားများရသည်။ တစ်ခါတလေ ကိုသောင်းအေးက မမြိုင်ကို ရိုက်သေး သည်။ ကိုသောင်းအေးတို့ လင်မယား ရန်ဖြစ်လျှင် ကိုဖိုး ထောင်က ၀င်မပြော။ ရှောင် နေတတ်သည်။ မမြိုင် ကလေး နှစ်ယောက်ရတော့ ကိုသောင်း အေးသည် အသောက်အစား လောင်းကစား အပြင် မိန်းမ ကိစ္စပါ ရှုပ်လာသည်။ ကိုဖိုး ထောင်က ကြားတော့
“မမြိုင် သောင်းအေးကို ထိန်းဦး”လို့ သတိပေးသည်။

“ကလေးမှ မဟုတ်တာ ဘာကို ထိန်းရမှာလဲ”
မမြိုင်က အံ့သြစွာမေး သည်။
“အ လိုက်တာဟာ၊ ဟို က နောက်မိန်းမ ယူတော့မှာ လို့ပြောတာ”

“ကျုပ်ကတော့ မယုံပေါင်။ ကိုသောင်းအေးက ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုလည်း ချစ်တယ်လို့ ရန်ဖြစ်ပြီးတိုင်း ပြောတာ”

မမြိုင်စကားကြောင့် ကိုဖိုးထောင် ခေါင်းကုတ်ပြီး
“အ လိုက်တာဟာ”လို့ ပြောပြီး အိမ်က ပြန်ထွက်သွားသည်။ မမြိုင်ခမျာ ပြောသာ ပြောလိုက်ပေမယ့် ကိုသောင်းအေးနဲ့ မလုံးကို မသင်္ကာချင်။

“ကိုသောင်းအေး တော် နဲ့ မလုံး ကြိုက်နေတာလား” လို့ မေးတော့လည်း
“ပေါက်ပေါက်ရှာရှာ ကွာ၊ ကျောက်ကားလိုက်သူ ချင်းမို့ ရင်းနှီးတာပါ။ ငါပြောထားတယ် မဟုတ်လား ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုပဲ ချစ်တယ်” လို့ ပြောသည်။

နောက်ပြီး တစ်ရပ်ကွက်တည်းမို့ မလုံးအကြောင်း သိရသည်။ မလုံးက အပျို မဟုတ်။ ကလေးတစ်ယောက် အမေ မုဆိုးမ။ ပုပု ၀၀။ မမြိုင်စိတ်ထဲတွင် သူ့ လောက်မလှဟု ထင်နေသည်။ ကိုသောင်းအေး စကားပဲ ယုံနေသည်။ သို့သော် ကိုသောင်း အေးက မလုံးကို ခိုးပြေးသွား သည်ဆိုတော့ မမြိုင် ပါးစပ် အဟောင်းသား ဖြစ်ကျန်ရစ်သည်။

တစ်ပတ်လောက်ကြာ တော့ ကိုသောင်းအေး အိမ်ပြန် ရောက်လာသည်။ မလုံးတော့ မပါသေး။
“မမြိုင်ရာ ငါမှားပါတယ်ဟာ။ ကောင်မလေးက အဒေါ်နဲ့ နေရတာ၊ အဒေါ့် ယောက်ျားက ကြည်တာ မဟုတ်ဘူး။ ကလေးတစ်ယောက်နဲ့ ဆိုလို့ ငါက သနားလို့ ယူလိုက်တာပါ။ မင်းလောက် မချစ်ပါဘူး။ ဒါပေမယ့် မလုံးက သဘောထား ကြီးတယ်။ မမမြိုင် ဆူဆူ၊ ရိုက်ရိုက်ခံပါ့မယ်။ နှစ်ယောက်ပေါင်းဆို ပေါင်းပါ့ မယ်တဲ့”
ကိုသောင်းအေးက လေချိုသွေးသည်။

“အောင်မလေးတော် တစ်လင်တည်း မယားနှစ် ယောက် ပေါင်းရမယ်လို့ ကျုပ်ကတော့ ခွေးဇာတ် မခင်းနိုင်ပေါင်တော်”

မမြိုင်က ခါးခါးသီး သီး ငြင်းသည်။
“စဉ်းစားပါကွာ။ ငါတို့မှာ ကလေးတွေ ရှိတယ်။ မင်းက နှစ်ယောက် မပေါင်းနိုင်ရင် ဘယ်လို လုပ်မလဲ။ သူ့ အဒေါ်ကလည်း လက်မခံဘူး။ အိမ်ငှား နေရအောင်က လည်း အုံနာက ငါတို့ နှစ်ယောက်ကို အလုပ်ထုတ် လိုက်လို့ လောလောဆယ် ငွေ ရှာဖို့ ခက်နေတယ်။ ဒါကြောင့် ဒီအိမ်မှာပဲ ပြန်နေရမှာ”

“မသိဘူးတော်၊ ကျုပ် ကတော့ နှစ်ယောက် မပေါင်းနိုင်ဘူး။ သူ့ဖြတ်ရင်ဖြတ်၊ ကျုပ်ဖြတ်ရင်ဖြတ်”

မမြိုင်က မာမာထန်ထန် ပြောတော့ ကိုသောင်းအေး ဒေါသ ဖြစ်သွားသည်။ခါတိုင်း ဒီလိုမှ မပြောဖူးဘဲ ကိုး။
“အောင်မာ ဒီလောက် ခေါင်းမာတာ သောင်းအေး အကြောင်း မသိဘူးလား”ဆိုပြီး မမြိုင်ပါးကို “ဖြန်းခနဲ ဖြန်း ခနဲ”ဆင့်ကာ ရိုက်သည်။ မမြိုင်ကလည်း
“အရပ်ကတို့ရေ၊ မိန်းမ နှစ်ယောက်ယူတဲ့ သူက ကျုပ်ကို နှိပ်စက် နေပါပြီတော့”လို့ အော်သည်။
အိမ်နီးချင်းတွေ ရောက် လာကြသည်။

“မင်းတို့ ကိစ္စက ဒီလို ဖြေရှင်းလို့မရဘူး။ လူကြီးနဲ့ ဖြေရှင်းမှရမှာ”ဆိုပြီး ရပ်ကွက် ရုံးခေါ်သွားကြသည်။
“ကဲ ဘာဖြစ်တာလဲ” ရပ်ကွက်လူကြီးက မေးတော့ ကိုသောင်းအေးက နှစ်ယောက်ပေါင်းဖို့ ပြောသည်။ မမြိုင်က မပေါင်းနိုင် ကြောင်း ပြောသည်။
“ကဲ မင်းက ဒီလောက် တောင်ရှိတာ ငါ မလုံးကိုပဲ ပေါင်းမယ်ကွာ၊ မင်း အိမ်ပေါ်ကဆင်း”

ကိုသောင်းအေးက မျက်နှာထားနဲ့ ပြောသည်။ မမြိုင် မျက်နှာငယ်လေး ဖြစ်သွားသည်။ ထိုအချိန်တွင် ကိုဖိုးထောင် ရုံးထဲရောက်လာ သည်။ မမြိုင် အားတက်သွားသည်။
“ကွာရင် ကျုပ်တို့ သားအမိတစ်တွေ အိမ်ပေါ်က ဆင်းရမှာလား”

မရဲတရဲ မေးသည်။
“ဟ ဆင်းရမှာပေါ့ဟ၊ ဒါ ငါတို့ အိမ်ဥစ္စာ။ မင်းတို့ မဆင်းရအောင်လို့ ပြောနေတဲ့ ဥစ္စာ မင်းမှ နားမလည်ဘဲ” ကိုသောင်းအေးက ခပ်တည်တည်ပြောသည်။
“ဒီအိမ်က ငါဝယ်ထား တာကွ”

ကိုဖိုးထောင်က ၀င်ပြောသည်။
“ကိုဖိုးထောင် ၀ယ်ပေမယ့် မိဘပိုက်ဆံနဲ့ ၀ယ်ထားတာလေ။ ကျုပ်ဆိုင်တယ်။ မမြိုင်နဲ့ မဆိုင်ဘူး။ ကျုပ် လက်ထက်ပွား မဟုတ်ဘူး။ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ပဲ ဆိုင်တာ”
ကိုသောင်းအေးက ခပ်တည်တည် ဆက်ပြောသည်။ ကိုဖိုးထောင် ဇဝေဇ၀ါ ဖြစ်သွားသည်။

“ဥက္ကဋ္ဌကြီး ဟုတ်လား”

“ဒါတော့ အမွေကိစ္စ တရားရုံးနဲ့ပဲ ဆိုင်တယ် ရပ်ကွက် ရုံးကတော့ လူမှုရေးပဲ ဖြေရှင်းနိုင်တာ”
ရပ်ကွက်လူကြီးက ရှင်းပြသည်။

“ကျုပ်က သူ့ကို မပေါင်းနိုင်ဘူး။ အိမ်က ဆင်းသွားရမယ်ဆိုတော့ ဘယ် သွားနေရမှာလဲ။ အိမ်ငှားစရာ ပိုက်ဆံလည်း မရှိဘူး”

မမြိုင်က ငိုမဲ့မဲ့နဲ့ ပြော သည်။
ကိုဖိုးထောင်က မမြိုင် ကို ငေးကြည့်နေပြီး
“ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး မမြိုင်”လို့ပြော ပြီး မမြိုင်ကို အော်ခေါ်လိုက်သည်။

မမြိုင်က မျက်စိပြူးပြီး ကိုဖိုးထောင်ကို လှမ်းကြည့် လိုက်သည်။ အားလုံးက လည်း ကိုဖိုးထောင် ဘာပြော မလဲလို့ ငေးကြည့်နေကြသည်။ တော်တော်နဲ့ စကား မပြောသေး။ ဘာပြောမှာလဲ သိချင်နေကြသည်။ ကိုဖိုးထောင်က စကားပြောရန် မေးကြောကြီးများ ထောင် သည်အထိ အားယူလိုက်ပြီး
“မမြိုင် ဒီခွေးကောင်ကို ကွာလိုက်။ ငါ့အခန်းမှာ နင်တို့ သားအမိလာနေ။ ငါ ကင်းတဲ သွားအိပ်မယ်”လို့ ပြောပြီး ထွက်သွားသည်။
“ဟုတ်တယ်။ ကျုပ်လည်း ပြတ်သားရမယ်။ ချင်းစိမ်းနဲ့ မိဿလင်လိုပေါ့။ ကျုပ်နဲ့ ကိုသောင်းအေးကို ကွာပေးပါ ဥက္ကဋ္ဌကြီး”

မမြိုင်ကလည်း ရဲဝံ့စွာ ပြောလိုက်သည်။
ရပ်ကွက်ရုံးမှာ ကိုသောင်းအေးနဲ့ မမြိုင်ကွာရှင်း စာချုပ် လုပ်ပြီး ကိုသောင်းအေးနဲ့မလုံး လက်ထပ်စာချုပ် လုပ်လိုက်ကြသည်။

မနက်ရောက်တော့ ထုံးစံအတိုင်း မမြိုင်က ပဲပြုတ်ထွက်ရောင်းသည်။ ပဲပြုတ်ကလည်း ရောင်း ကောင်းသည်။ ခေါ်သူ လက်မလည်ပေ။
“မမြိုင် နင်နဲ့ကိုသောင်း အေး ကွာလိုက်ပြီဆို”

“ဟုတ်ပါ့”
မမြိုင်က မျက်နှာမော့ ပြီးပြောသည်။

“ကိုသောင်းအေးနဲ့ မလုံးတို့ သားအမိ ကိုဖိုးထောင် အိမ်မှာပဲဆို၊ အတူ နေကြတာ ပေါ့”

“အတူမနေပါဘူး။ သူ တို့က အနောက်ခန်း အိပ်တာ။ ကျုပ်တို့ သားအမိက ရှေ့ခန်း အိပ်တာ”

“ဟို ဟို မရှက်ဘူးလား”

“အို ဘာလို့ ရှက်ရမှာလဲ၊ ကြားမှာ စောင်ကာထားတယ် လေ”
မမြိုင် စကားကြောင့် ကြားရသူ အပေါင်း ပါးစပ် ဟောင်းလောင်း ဖြစ်ကျန်ခဲ့သည်။

“ပဲပြုတ်လေ မြေတောင် ပဲပြုတ်၊ နိုင်လွန်ပဲပြုတ်၊ ထောပတ်ပဲပြုတ်”
မမြိုင်ကတော့ ပဲဆက် ရောင်းနေလျက်...။

written by မင်းတင်ထွဏ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM