Friday, August 13, 2010

ကိုငှက်ကြီးရဲ အမှတ်တရ














ကျနော်လေးစားရသောကိုငှက်ကြီးအတွက်... သူကဗျာတွေထဲမှ

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်


လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိ ရှိသူပါ။
14.August.2004


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Tuesday, July 20, 2010

ဘယ်တော့မှ သူ့ကိုမမေ့ပါနဲ့ ....





ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း