Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts

Monday, May 16, 2011

စင်ကာပူက IKEA

ဘလော့မိတ်ဆွေတစ်ယောက် ဆွီိဒင်က IKEA အကြောင်းလေးရေးထားတာတွေလို့ ကျွန်တော်လည်း စင်ကာပူက IKEA ကိုအလည်သွားရောက်ခဲ့ပါတယ်။ စင်ကာပူမှာ IKEA ဆိုင်နှစ်ဆိုင်ရှိတယ်လိုသိရတယ်။ Alexandra မှာတစ်ခု Tampines မှာတစ်ခု ဖွင့်ထားတာပါ။ ကျွန်တော်က IKEA ဆိုင်လေးကို အရမ်းစိတ်ဝင်စားတယ်ဗျ၊
သူက ကျွန်တော်ကိုလည်း အတော်စွဲဆောင်နိုင်တယ်တယ်လေ၊ တစ်ခေါက်ရောက်ပြီးတိုင်း နောက်တစ်ခေါက်ထပ်သွားချင်အောင် ဆိုင်ခန်းဖွဲထားပုံလေးတွေက ဆွဲဆောင်ထားတယ်ဗျ၊ အနုပညာဆန်နေသလိုပဲလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်က စာသိပ်မရေးဖြစ်သလို စားလည်းသိပ်မရေးတက်ဘူးဗျ အမှားပါမှာလည်းစိုးရိမ်မိလို့ သူငယ်ချင်းများအတွက် ကျွန်တော်ရိုက်ထားတဲ့ စင်ကာပူ Alexandra က IKEA ဓါတ်ပုံလေးတွေကိုပဲ တင်ပေးလိုက်တယ်နော်..



Alexandra road မှာရှိတဲ့ IKEA ပါ။
















အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း

Wednesday, May 11, 2011

Monday, January 3, 2011

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့

မင်္ဂလာအပေါင်း နဲ့ ပြည့်စုံလို့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ သာယာတဲ့နေသစ်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျာ...
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကျွန်တော် အမှတ်တရလက်ဆောင် တစ်ခုကိုမျှဝေချင်ပါတယ်။
အဝေးရောက်မြန်မာနိုင်ငံသားများ စိတ်အပန်းဖြေဖို့ နိုင်ငံခြားရုပ်ရှင်ဇတ်ကားများကို အခမဲ့ကြည့်နိုင်တဲ့ ဆိုဒ်ကလေးကို ပြောပြပါမယ်ခင်ဗျာ..
ကျွန်တော် အဆင့် လေးတွေနဲခွဲပြောမယ်ဗျာ မသိသေးသောသူတွေများ အတွက် အဆင်ပြေလွယ်ကူအောင်လိုပါ။
အဆင့် (၁)
http://www1.zmovie.tv/ ကိုဖွင့်ပါ။
အဆင့် (၂)
နောက်ဆုံးထွက် ရုပ်ရှင်ကားများ ကိုနှစ်သက်ရာ ရွှေးချယ်ပြီး click လုပ်ပေးပါ။
(မှတ်ချက်။ ရုပ်ရှင်ကား အမည်ကို Search Box မှာ ထည့်ပြီးရှာဖွေနိုင်ပါသည်။)
အဆင့် (၃)
အ၀ါရောင် Box ကလေးထဲက Watch Full ကို click ထပ်လိုပ်ပေးပါ။
အဆင့် (၄)
New Tap တစ်ခုထပ်ပေါလာလိမ့်မယ် ခင်ဗျာ။
အဲဒီမှာ I am Human new let me watch this video ဆိုတာလေးကို ရှာပြီး click ထပ်လုပ်ပေးပါ။
အဆင့် (၅)
Disable all Ads: click here ကို click ထပ်လုပ်ပေးပါ။
အဆင့် (၆)
နောက်ဆုံး အဆင့် အနေနဲတော့.. Play ကိုနှိပ် နိုင်ဖို.. Hide the Ads: ကိုပိတ်ပေးလိုက်ပါ ခင်ဗျာ..

မသိသေးသူများအတွက်ရည်ရွယ်ပါတယ်..
ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ။
တော်လိုရေးသာခြင်းမဟုတ်ပါဘူး.. အမှားပါရင်ကြိုတင်တောင်ပန်ပါတယ် ခင်ဗျာ။



အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Friday, August 20, 2010

" နှုတ်ခွန်းဆက်သလွှာ "


မင်္ဂလာအပေါင်းနဲ့ပြည့်စုံလို့ သာယာတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ..။

ကျွန်တော်ကို ကျွန်တော် ပထမမိတ်ဆက်ပါရစေ။ ကျွန်တော်က ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေတဲ့ သာမန်မြန်မာလူငယ်တစ်ဦးပါ။ ပြည်ပမှာနေစဉ် ရှားပါးတဲ့ အားလပ်ချိန်လေး တွေကို အသုံးချဖို့ စဉ်းစားလိုက်တော့ စိတ်ရဲ့ထွက်ပေါက်အနေနဲ့ စာကောင်းပေမွန်တွေေ
ကို အွန်လိုင်းက ဘလော့ဂ်တွေကနေ ရှာဖွေဖတ်ရှုရတာဟာ ကျွန်တော့်အတွက် အကောင်းဆုံးသော ထွက်ပေါက်တစ်ခုဖြစ်လာ ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် နီးစပ်ရာ ဘလော့ဂ်လေးတွေကနေတဆင့် ဘလော့ဂါတော်တော်များများရေးတဲ့ စာတွေဖတ်မိပါတယ်။ ဒီလိုနဲ့စာတွေဖတ်လာရင်း ဘလော့ဂ်တစ်ခုကတွေ့တဲ့ လင့်ခ်ကနေ နောက်ထပ်ဘလော့ဂ်တစ်ခုကိုရောက်ရင်း၊ စာတွေကို အားလပ်ချိန်တိုင်းမှာ အငမ်းမရ ကျွတ်ကျွတ်ဝါးစားသလို ဖတ်လာမိပါတော့တယ်။ ကျွန်တော်စာတွေ မဖတ်ရမနေနိုင်အောင် စွဲလမ်းလာခဲ့ပါပြီ။ ဒီဘလော့ဂ်က စာတွေကနေ ကျွန်တော် ခွန်အားတွေရလာတယ်၊ လမ်းသစ်တွေတွေ့လာတယ်၊ ဘာသာရေးကိုလည်း ပိုပြီးလေ့လာဖြစ်လာတယ်။ အရှုံးဆိုတာတွေကို လက်ခံလာနိုင်ပြီး အောင်မြင်မှုဆိုတာတွေကလည်း တဒင်္ဂသာ တက်မက်စရာမျိုး၊ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး ဆိုတာတွေရော စာတွေထဲကနေသာမက လက်တွေ့ဘ၀ဖြတ်သမ်းမှုကနေ တဆင့် ကျွန်တော် သိလာရတယ်။


ဒီလိုနဲ့ သူတို့ရေးတဲ့စာတွေဖတ်ပြီး ကျွန်တော်လည်း စာတွေရေးချင်စိတ် တဖွားဖွားဖြစ်လာမိတယ်။ ဒါနဲ့ မတောက်တခေါက်သိထားတဲ့ နည်းပညာလေးနဲ့ ဘလော့စပေါ့မှာ ကျွန်တော် ဘလော့ဂ်တစ်ခုဖွင့်ဖို့စကြိုးစားမိတယ်။ ဘလော့ဂ်တစ်ခုဖွင့်ပြီိးပြန်တော့ စာမရေးနိုင်တဲ့ အခက်ခဲနဲ့ စတင်ရင်ဆိုင်ရပါရော။

ကျွန်တော် စာမရေးနိုင်ရတဲ့ဇစ်မြစ်ကို ကိုယ့်ဘာသာကိုယ် စမ်းစစ်ကြည့်မိလိုက်တော့....

၁။ ကျွန်တော့်ရဲ့ တစ်နေ့ ၁၃နာရီ လုပ်ရတဲ့ များပြားတဲ့အလုပ်ချိန်ကြောင့် အလုပ်က ပြန်ရောက်တာနဲ့ကျွန်တော့မှာ ပင်ပမ်း၊ အာရုံတွေနောက်ပြီး ဘာဆိုဘာမှ ရေးဖို့ ဈာန်ဝင်စားလို့မရတော့ပါဘူး။

၂။ ကျွန်တော့်စိတ်ထဲက စီထားတဲ့စာတွေကို ချရေးထုတ်ဖို့က ကျွန်တော့လိုလူအတွက် တော်တော်ခက်နေတယ်။ ဒီတော့မှ စာရေးသူတွေတိုင်းဟာ စာတစ်ပုဒ်ရဖို့ ဘယ်လောက်စိတ်နှစ်ရေးယူရမလည်းဆိုတာ ကျွန်တော်သဘောပေါက်လာတော့တယ်။ စာတွေမှန်မှန်ရေးနေနိုင်တဲ့ ဘလော့ဂ်ဂါတွေကို ကျွန်တော်တကယ်လေးစားလာမိတယ်။

၃။ စာရေးဖို့ ရွေးချယ်အကြောင်းအရာကလည်း ကျွန်တော့အတွက် ပြသနာတစ်ခုပါဘဲ။ ကျွန်တော်ရွေးချယ်လိုက်မိတဲ့ အကြောင်းအရာက ကျွန်တော့အတွက် မနိုင်မနင်းဖြစ်နေမှာ စိုးရိမ်မိတယ်။ ကျွန်တော်ရေးလိုက်တာတွေ မှားယွင်းသွားမှာ စိတ်ပူမိတယ်။ စဉ်းစားမိတိုင်း ကျွန်တော် အတွေးတွေမှာ အမြဲ ရှုပ်ထွေးနေတယ်။

ဒါတွေက လတ်တလော ဘလော့ဂ်လေးစရေးမယ်ဆိုတဲ့ အချိန်မှာ ကြုံတွေ့နေရတဲ့ ကျွန်တော့်ရဲ့အခက်အခဲပါဘဲ။ အစ်မတစ်ယောက်လို ခင်နေရတဲ့ ကျွန်တော်အမြဲသူ့စာတွေ ဖတ်ဖြစ်နေတဲ့ ဘလော့ဂ်ဂါတစ်ဦးကတော့ ကျွန်တော့ကို " စာတွေချရေးရတာ အခက်အခဲ ရှိလာရင် ကိုယ့်ရဲ့ဘလော့ဂ်လေးကို ကိုယ့်ရဲ့ ဒိုင်ယာရီလေးလို သဘောထားပြီး နေ့တစ်နေ့ကြုံတွေ့ရတာတွေကို ချရေးပေါ့ " ..လို့ အကြံပေးလာပါတယ်။

နောက်...ကျွန်တော့်ရဲ့ နီးစပ်ရာ မိတ်ဆွေ တော်တော်များများက ကျွန်တော်ရဲ့ ရင်တွင်းဖြစ်စာလေးတွေဖတ်ချင်တယ် လို့ တောင်းဆိုလာ ကြတယ်လေ။ ဒီတော့ ကျနော်စာရေး ရတော့မှာပေါ့။ ကျွန်တော် ကြိုးစားပြီးစာတွေရေးမယ်။ ကျနော်ကတော့ သာမန် လူတစ်ယောက်ပဲမို့ ထူးခြားတဲ့ အစွမ်းတွေမရှိသလို စာရေးကောင်းတဲ့ သူတစ်ယောက်လည်းမဟုတ်တာကိုတော့ ကြိုတင်ပြောထားပါရစေခင်ဗျာ ။ အခုလို စာပိုဒ်တစ်ခုလောက်ရအောင် စာရေးရမယ်ဆိုရင်ကိုပဲ ရင်တော်တော်လေးခုန်သားဗျ...။

ရင်ခုန်သံတွေနဲ့ စာစီထားလို့ ဒီပို့စ်လေးမှာ အမှားပါရင် နားလည်မှုလေးထားပေးပါလို့။


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Saturday, June 12, 2010

၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် လက်ဆောင်










ဘောလုံးဝါသနာရှင်များအတွက်
Live online for free ကိုဖော်ပြပေးလိုက်ပါတယ်။

1) Justin.tv

2) ESPN3.com

3) ATDHE.Net

4) ustream.tv

5) hostream.net

6) streamick.com

7) livesport1.us

8 ) asiaplatetv.com

9) iraqgoals.net

10) free-football.tv

11) MyP2P.eu

12) livesoccertv.com

13) LiveFooty

14) Watch-Free.tv

15) Firstrow.net

16) fromsport.com

17) tvbunch.com

ဘောလုံးကိုချစ်သော သူငယ်ချင်းများအတွက်....


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း