၁။ ဖြစ်ပျက်မပါ၊ သက်တစ်ရာ၊ နေတာ အလကား။
ဖြစ်ပျက်ကိုမြင်၊ တစ်နေ့ပင်၊ လွန်လျှင်ထို့ထက် အကျိုးများ။
၂။ ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊
ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။
၃။ စားခိုက်စားစဉ် သတိယှဉ် စားချင်စိတ်နဲ့ စားရုပ်မြင်၊
စားစဉ်စားခိုက် သတိစိုက် ရှုလိုက်မှတ်ကာ ပွားစေချင်၊
စားဆဲနာမ်ရုပ် စားစဉ်ချုပ် အဟုတ်ဉာဏ်စဉ်မြင်၊
အရိယာပတ္တ ကျင့်လမ်းပြ ဒီကနိဗ္ဗာန်ဝင်။
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကိုရင်ကိုမင်း
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Tuesday, May 24, 2011
Monday, February 14, 2011
valentine's day
မချစ်မမုန်း အကောင်းဆုံး
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊
မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။
အရှင်ဝိစိတ္တ (မနာပဒါယီ)
အချစ်များက အပြစ်များ၍၊
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊
မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။
အရှင်ဝိစိတ္တ (မနာပဒါယီ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း
ကိုရင်ကိုမင်း
Subscribe to:
Posts (Atom)
