Friday, August 20, 2010

" နှုတ်ခွန်းဆက်သလွှာ "


မင်္ဂလာအပေါင်းနဲ့ပြည့်စုံလို့ သာယာတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ..။

ကျွန်တော်ကို ကျွန်တော် ပထမမိတ်ဆက်ပါရစေ။ ကျွန်တော်က ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေတဲ့ သာမန်မြန်မာလူငယ်တစ်ဦးပါ။ ပြည်ပမှာနေစဉ် ရှားပါးတဲ့ အားလပ်ချိန်လေး တွေကို အသုံးချဖို့ စဉ်းစားလိုက်တော့ စိတ်ရဲ့ထွက်ပေါက်အနေနဲ့ စာကောင်းပေမွန်တွေေ
ကို အွန်လိုင်းက ဘလော့ဂ်တွေကနေ ရှာဖွေဖတ်ရှုရတာဟာ ကျွန်တော့်အတွက် အကောင်းဆုံးသော ထွက်ပေါက်တစ်ခုဖြစ်လာ ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် နီးစပ်ရာ ဘလော့ဂ်လေးတွေကနေတဆင့် ဘလော့ဂါတော်တော်များများရေးတဲ့ စာတွေဖတ်မိပါတယ်။ ဒီလိုနဲ့စာတွေဖတ်လာရင်း ဘလော့ဂ်တစ်ခုကတွေ့တဲ့ လင့်ခ်ကနေ နောက်ထပ်ဘလော့ဂ်တစ်ခုကိုရောက်ရင်း၊ စာတွေကို အားလပ်ချိန်တိုင်းမှာ အငမ်းမရ ကျွတ်ကျွတ်ဝါးစားသလို ဖတ်လာမိပါတော့တယ်။ ကျွန်တော်စာတွေ မဖတ်ရမနေနိုင်အောင် စွဲလမ်းလာခဲ့ပါပြီ။ ဒီဘလော့ဂ်က စာတွေကနေ ကျွန်တော် ခွန်အားတွေရလာတယ်၊ လမ်းသစ်တွေတွေ့လာတယ်၊ ဘာသာရေးကိုလည်း ပိုပြီးလေ့လာဖြစ်လာတယ်။ အရှုံးဆိုတာတွေကို လက်ခံလာနိုင်ပြီး အောင်မြင်မှုဆိုတာတွေကလည်း တဒင်္ဂသာ တက်မက်စရာမျိုး၊ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး ဆိုတာတွေရော စာတွေထဲကနေသာမက လက်တွေ့ဘ၀ဖြတ်သမ်းမှုကနေ တဆင့် ကျွန်တော် သိလာရတယ်။


ဒီလိုနဲ့ သူတို့ရေးတဲ့စာတွေဖတ်ပြီး ကျွန်တော်လည်း စာတွေရေးချင်စိတ် တဖွားဖွားဖြစ်လာမိတယ်။ ဒါနဲ့ မတောက်တခေါက်သိထားတဲ့ နည်းပညာလေးနဲ့ ဘလော့စပေါ့မှာ ကျွန်တော် ဘလော့ဂ်တစ်ခုဖွင့်ဖို့စကြိုးစားမိတယ်။ ဘလော့ဂ်တစ်ခုဖွင့်ပြီိးပြန်တော့ စာမရေးနိုင်တဲ့ အခက်ခဲနဲ့ စတင်ရင်ဆိုင်ရပါရော။

ကျွန်တော် စာမရေးနိုင်ရတဲ့ဇစ်မြစ်ကို ကိုယ့်ဘာသာကိုယ် စမ်းစစ်ကြည့်မိလိုက်တော့....

၁။ ကျွန်တော့်ရဲ့ တစ်နေ့ ၁၃နာရီ လုပ်ရတဲ့ များပြားတဲ့အလုပ်ချိန်ကြောင့် အလုပ်က ပြန်ရောက်တာနဲ့ကျွန်တော့မှာ ပင်ပမ်း၊ အာရုံတွေနောက်ပြီး ဘာဆိုဘာမှ ရေးဖို့ ဈာန်ဝင်စားလို့မရတော့ပါဘူး။

၂။ ကျွန်တော့်စိတ်ထဲက စီထားတဲ့စာတွေကို ချရေးထုတ်ဖို့က ကျွန်တော့လိုလူအတွက် တော်တော်ခက်နေတယ်။ ဒီတော့မှ စာရေးသူတွေတိုင်းဟာ စာတစ်ပုဒ်ရဖို့ ဘယ်လောက်စိတ်နှစ်ရေးယူရမလည်းဆိုတာ ကျွန်တော်သဘောပေါက်လာတော့တယ်။ စာတွေမှန်မှန်ရေးနေနိုင်တဲ့ ဘလော့ဂ်ဂါတွေကို ကျွန်တော်တကယ်လေးစားလာမိတယ်။

၃။ စာရေးဖို့ ရွေးချယ်အကြောင်းအရာကလည်း ကျွန်တော့အတွက် ပြသနာတစ်ခုပါဘဲ။ ကျွန်တော်ရွေးချယ်လိုက်မိတဲ့ အကြောင်းအရာက ကျွန်တော့အတွက် မနိုင်မနင်းဖြစ်နေမှာ စိုးရိမ်မိတယ်။ ကျွန်တော်ရေးလိုက်တာတွေ မှားယွင်းသွားမှာ စိတ်ပူမိတယ်။ စဉ်းစားမိတိုင်း ကျွန်တော် အတွေးတွေမှာ အမြဲ ရှုပ်ထွေးနေတယ်။

ဒါတွေက လတ်တလော ဘလော့ဂ်လေးစရေးမယ်ဆိုတဲ့ အချိန်မှာ ကြုံတွေ့နေရတဲ့ ကျွန်တော့်ရဲ့အခက်အခဲပါဘဲ။ အစ်မတစ်ယောက်လို ခင်နေရတဲ့ ကျွန်တော်အမြဲသူ့စာတွေ ဖတ်ဖြစ်နေတဲ့ ဘလော့ဂ်ဂါတစ်ဦးကတော့ ကျွန်တော့ကို " စာတွေချရေးရတာ အခက်အခဲ ရှိလာရင် ကိုယ့်ရဲ့ဘလော့ဂ်လေးကို ကိုယ့်ရဲ့ ဒိုင်ယာရီလေးလို သဘောထားပြီး နေ့တစ်နေ့ကြုံတွေ့ရတာတွေကို ချရေးပေါ့ " ..လို့ အကြံပေးလာပါတယ်။

နောက်...ကျွန်တော့်ရဲ့ နီးစပ်ရာ မိတ်ဆွေ တော်တော်များများက ကျွန်တော်ရဲ့ ရင်တွင်းဖြစ်စာလေးတွေဖတ်ချင်တယ် လို့ တောင်းဆိုလာ ကြတယ်လေ။ ဒီတော့ ကျနော်စာရေး ရတော့မှာပေါ့။ ကျွန်တော် ကြိုးစားပြီးစာတွေရေးမယ်။ ကျနော်ကတော့ သာမန် လူတစ်ယောက်ပဲမို့ ထူးခြားတဲ့ အစွမ်းတွေမရှိသလို စာရေးကောင်းတဲ့ သူတစ်ယောက်လည်းမဟုတ်တာကိုတော့ ကြိုတင်ပြောထားပါရစေခင်ဗျာ ။ အခုလို စာပိုဒ်တစ်ခုလောက်ရအောင် စာရေးရမယ်ဆိုရင်ကိုပဲ ရင်တော်တော်လေးခုန်သားဗျ...။

ရင်ခုန်သံတွေနဲ့ စာစီထားလို့ ဒီပို့စ်လေးမှာ အမှားပါရင် နားလည်မှုလေးထားပေးပါလို့။


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Thursday, August 19, 2010

အချစ်ဆိုတာကို အတိအကျ မသိသေးသူများအတွက်....




အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။






@ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
$ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

@ မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
$ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

@ ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
$ ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

@ မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
$ ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

@ လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
$ ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

@ သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
$ ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

@ အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
$ ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

@ သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
$ ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

@ သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
$ ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

@ အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
$ ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

@ သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
$ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

@ သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
$ ဒါမှ အချစ်လေ။

@ သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
## အဲဒါ အချစ်လေ။

@ မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
## ဒါမှ အချစ်လေ။

@ ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
## ဒါဆို အချစ်လေ။

@ သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
## အဲဒါ အချစ်ပါ။

@ တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
## ဒါဆို အချစ်လေ။

@ မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
## ဒါဟာ အချစ်ပဲပေါ့။
? အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ဘာကြောင့် ချစ်ကြဦးမလဲ။
? ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
? ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
? ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
? ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
? အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
? ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။


မိတ်ဆွေတယောက် အီးမေးလ်ကနေပို့ လာတာပါ။
ရေးသူအမည် မသိပေမဲ့လည်း ဘလော့တခုခုကဖြစ်ခဲ့ရင် ယူသုံးမိတာ ကို တောင်းပန်ပါတယ်နော်။
ဒီပိုစ့် လေး ကို ကျန်တဲ့ မိတ်ဆွေတွေ ကိုလည်း မျှဝေချင်တာ နဲ့ တင်လိုက်တာပါ။



အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Friday, August 13, 2010

ကိုငှက်ကြီးရဲ အမှတ်တရ














ကျနော်လေးစားရသောကိုငှက်ကြီးအတွက်... သူကဗျာတွေထဲမှ

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်


လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိ ရှိသူပါ။
14.August.2004


အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း